Content

Home
About ALP
News & Info
Health Department
Education
Photos Gallery
Activities of ALA
Rakhine Human Rights
Statements
History of ALP
Publication
Application Form
So-Called Rohingya
Arakan History
Religion in Arakan
Arakan Culture
Home About ALP News & Info Photos Contact us

ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ ရခိုင့်အောင်စည် FM Radio အစီအစိုင်များကို စတင်အသံလွင့်နီပြီ

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ ရခိုင့်အောင်စည်အမည်ရှိ FM Radio အသံလွင့် အစီအစဉ်များကို ၂၀၁၁ ခုနှစ် ဒီဇင်္ဘာလ (၁၉) ရက်နိမှ စတင်အသံလွင့်နီပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

 

ခိုင်နီလင်း (ခ) စံရွှေခိုင် ကိုယ်ရေးအထ္တုပ္ပတ္တိအကျဉ်း

ALP News & Info (ဒီဇင်္ဘာလ ၂၂ ရက်၊ ၂၀၁၁ ခု)

ခိုင်နီလင်းကို အဖဦးမြသာအောင် အမိဒေါ်မြလှဦး မှ ကောဇာသက္ကရာဇ် ၁၃၀၈-ခု၊ ခရစ်သက္ကရာဇ် ၁၉၅၀-ခုနှစ်တွင် ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ဘူးသီးတောင်မြို့၊ တပ်ရာရပ် ကွက်တွင် မွေးဖွားခဲ့ သည်။ ၁၉၆၉-ခုနှစ်တွင် အထက်တန်းပညာ အောင်မြင်ခဲ့သည်။ ၁၉၇၀-ခုနှစ်တွင် ရန်ကုန်သို့ ပြောင်းရွှေ့ခဲ့ပြီး ၁၉၇၀-ခုနှစ်မှ ၁၉၇၃-ခုနှစ် နိုဝင်္ဘာလအထိ ရန်ကုန်မြို့ပန်းဆိုး တန်းလမ်းရှိ အကောက်ခွန်ရုံးတွင် အငယ်တန်းစာရေး အဖြစ်လည်းကောင်း၊ အကြီးတန်း စာရေး အဖြစ်လည်းကောင်း၊ အစိုးရအမှူးထမ်းခဲ့သူဖြစ်သည်။ ၁၉၇၃ ခုနှစ် အကောက် ခွန်ရုံးတွင် အမှုထမ်းဆောင်နေယင်း တက္ကသိုလ်ပညာကို လေ့လာဆည်း ဖူးသင်ယူနေစဉ် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ရခိုင်ပြည် လွတ်မြောက်ရေးတပ် မတော် (ALA) သို့ ၁၉၇၃-ခု နိုဝင်္ဘလာ ၅-ရက်နေ့တွင် အဖရခိုင်ပြည်ပြန်လည်ရရှိရေး အတွက် အမှု ထမ်းခဲ့သည်။

 

13/2011 အခြေခံစစ်သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

 

ALP News & Info (စက်တင်ဘာလ ၁၀ရက်၂၀၁၁)

ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်မှ 13/2011 အခြေခံ စစ်သင်တန်းဆင်းပွဲ အခမ်း အနားတရပ်ကို ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ဗဟိုဌာနချုပ်၌ စက်တင်္ဘာလ(၉)ရက်နိ မိုးသောက်(၉)နာရီအချိန်တွင် ကျင်းပပြီးဆီးလားကြောင်းသတင်း ရဟိပါသည်။

 

မြန်မာငွေဈေးတတ်၍အိန္ဒိယ-ရခိုင်နယ်စပ်ကုန်သည်များအကျပ်ရိုက်

 

 

ALP News & Info (စက်တင်ဘာလ ၁ ရက်၊ ၂၀၁၁ ခု)

 

မန်မာနှင့်အိန္ဒိယငွေလှဲနှုန်းသည် ယခင် ၁ ရူပီးလျှင် ၂၀ ကျပ်နီပါးရှိရာမှ ယခုအခါ ၁၄ ကျပ်ထိ ထိုးဆင်း လားသည့်အတွက် ရခိုင်ပြည်မှ အိန္ဒိယနိုင်ငံ မေဇူး ရမ်းပြည်နယ်သို့ ကုန်တင်ပို့ နီသည် ခရီးသည်များ မှာ အရှုံးများနှင့်ရင်ဆိုင်နီရပါသည်။ 

 

၄၄ နှစ်မြောက် စစ်တွေဆန်ပြဿနာနိ အခမ်းအနားကျင်းပ

 

ALP News & Info ( သြဂုတ်လ ၁၄ ရက်)

 

၄၄ နှစ်မြောက် စစ်တွေဆန်ပြဿနာနိ အခမ်းအနားတရပ်ကို ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ ဗဟိုဌာနချုပ်တွင် သြဂုတ်လ ၁၃ ရက်နိ မိုးသောက် ၈ နာရီအချိန်တွင် ပါတီလူကြီး များလည်း တတ်ရောက်ပြီး ကျင်းပခကြောင်း သတင်းရရှိပါသည်။

 

13/2011 အခြေခံစစ်သင်တန်းဖွင့်လှစ်ခြင်း

 

ALP News & Info (ဇူလိုင်လ ၁၀ ရက်၊ ၂၀၁၁ ခု)

ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော်မှ 13/2011 အခြေခံ စစ်သင်တန်းကို ဇူလိုင်လ ၉ ရက်နိ မိုးသောက် (၅) နာရီတွင် ရခိုင်ပြည်လွတ်မြောက်ရေး ပါတီဗဟို ဌာနချုပ်၌ အခမ်းအနားဖြင့် စတင်ဖွင့် လှစ်ခကြောင်း သတင်းသိရှိရပါသည်။

တိုင်းပြည်နှင့်လူမျိုးအတွက်အသက်ပီးလှူလားသည့် ရဲဘော်ခိုင်မြတ်ဝင်းနှင့် စစ်ကြောင်းအားဂုဏ်ပြုပွဲကျင်းပ

ALP News & Info (ဇူလိုင်လ ၁၀ ရက်။ ၂၀၁၁ ခု)

လွန်ခသည့် ဇွန်န၀ါရီလ (၃) ရက်နိတွင် အောက်သားစစ်စခန်း အားဝင်ရောက်တိုက်ခိုင်ရာတွင် တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပီးလှူလားသည့် ရဲဘော်ခိုင်မြတ်ဝင်းနှင့် စစ်ကြောင်း အား ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ဗဟိုဌါနချုပ်တွင် ပါတီ ဥက္ကဌကြီးကိုယ်တိုင် တတ်ရောက်ကာ ဂုဏ်ပြုပွဲတရပ်ကျင်း ပ ခသည်။ 

 

ရခိုင့်အာဇာနီနိအခမ်းအနားကို နီရာအများအပြားတွင်ကျင်းပ

ALP News & Info ( ဇွန်လ ၄ ရက်၊ ၂၀၁၁ ခု)

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၏ ဥက္ကဌကြီးလည်းဖြစ်၊ ရခိုင် ပြည်လွတ်မြောက်ရေးတပ်မတော်၏ ဖခင်ကြီးလည်းဖြစ်ခသူ ဥက္ကဌကြီး ခိုင်မိုးလင်း ကျဆုံးသည် ၃၄ နှစ်မြောက်အာဇာနီနိ အခမ်းအနားကို ရခိုင်-အိန္ဒိယ-ဘင်္ဂလားနယ်စပ် ပါတီဗဟိုဌာနချုပ်တွင် ကျင်းပခကြောင်းနှင့် အဆိုပါ အာဇာနီနိအခမ်း အနားကို အခြားနီရာများတွင်းလည်းကျင်းပခပါသည်။

 

ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA) မှ နအဖစစ်တပ် ခလရ (၂၀) ရှေ့ တန်းစခန်းအား ၀င်ရောက်တိုက်ခိုက်

ALP News & Info (ဧပြီလ ၁ ရက်၊ ၂၀၁၁ ခု)

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၏ လက်နက်ကိုင်အဖွဲ့  ရခိုင်ပြည် လွတ်မြောက်ရေးတပ်မတော် အမှတ်(၉)တပ် ရင်းမှ ဗိုလ်ကြီး ခိုင်စိုးဟိန်း ဦးဆောင်သော စစ်ကြောင်း တကြောင်းမှ ရန်သူနအဖ စစ်တပ်၊ ခလရ(၂၀)ဗိုလ်ကြီး အောင်မျိုးဆက် ဦးစီးသည့် ဘူးသီးတောင်မြို့ နယ် မြိတ်ချောင်းဒေသ နဟန်း ကျေးရွာ အနီး အခြေစိုက် စစ်စခန်းအား မတ်လ ၃၁ ရက်နိ ညဥ့် ၁ နာရီ ၄၅ မိနစ်တွင် ၀င်ရောက် ပစ်ခတ်ခကြောင်း  စစ်ကြောင်းမှူး၏ သတင်းပီးပို့ ချက်အရ သိဟိရပါ သည်။

 

World Arakan Foundation (USA) မှ တိုက်ပွဲတွင် ကျဆုံးလားသည့် ရဲဘော် ခိုင်မြတ်ဝင်းနှင့် စစ်ကြောင်းအားဆုချီးမြှင့်

ALP News & info (မတ်လ ၂၃ ရက် ၂၀၁၁ ခု)                                                        ကျဆုံးလားသည့်ရဲဘော်ခိုင်မြတ်ဝင်း

အမေရိကန်နိုင်ငံ အခြီစိုက် World Arakan Foundation (USA)မှ လွန်ခသည့် ဇွန်န၀ါရီလ(၃)ရက်နိတွင် လက်ဘ ၀ အခြီစိုက် အောက်သားစစ်စခန်းကို ၀င်ရောက်တိုက် ခိုက်ရာတွင် တိုက်ပြည်အတွက် အသက်ပီးလှူလားသည့် ရဲဘော် ခိုင်မြတ်ဝင်းနှင့် စစ်ကြောင်းအား မတ်လ (၂၂) ရက်နိက အမေရိကန် ဒေါ်လာ (၁၅၀၀) တိတိကို  ဆုချီးမြှင့်ခပါသည်။

 

ရက်လည်ဆွမ်းကျွေးပွဲနှင့်အမှတ်တရ ဂုဏ်ပြုအခမ်းအနားကျင်းပခြင်း

ALP News & Info ( မတ်လ ၉ ရက် ၂၀၁၁ ခု)

ထိုင်း-မြန်မာနယ်စပ်ဒေသ ကော်သူလေးပြည်နယ်) တွင်ရှိနီသည့် ရခိုင်ပြည် လွတ်မြောက်ပါတီ(ALP) ၏ ဌာနခွဲတွင် ဗိုလ်ကြီးစံအေး ကျဆုံးရခြင်းအတွက် ရက်လည် ဆွမ်းကျွေးပွဲတရပ် ကျင်းပခသည်။ ၄င်း ရက်လည် ဆွမ်းကျွေးပွဲပြုလုပ်ရခြင်းမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၏ ဗဟိုဌာနချုပ်တွင် တာဝန်ထမ်းဆောင်ယင်း သက္ကရာဇ် ၂၀၁၁-ခု မတ်လ(၁)နိကကွယ်လွန်လားသည့် ဗိုလ်ကြီးခိုင်စံအေးကို ရည်စူး၍ ကျင်းပရ ခြင်းဖြစ်သည်။

 

ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်နှင့် နအဖတပ်တို့ 

တိုက်ပွဲငယ် (၃) ပွဲဖြစ်ပွါး

ALP News & Info (မတ်လ ၉ ရက် ၂၀၁၁ ခု)

နအဖတပ်နှင့်ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်တို့ သည် ၂၀၁၁ ခုနှစ်၊ မတ်လ (၈) ရက်နိ နံနက် (၈) နာရီအချိန် ငွေ လက်ဝကျေးရွာအနီးတွင် တိုက်ပွဲငယ် (၃) ကြိမ်ဖြစ် ပွါးခသည် ဟု  ရခိုင်ပြည်လွတ် မြောက်ရေးတပ်မတော်၏ စစ်ကြောင်းမှူး ဗိုလ်ခိုင်လင်းက ပြောကြား ခသည်။ အဆိုပါ တိုက်ပွဲငယ်အတွင်း နအဖတပ်မှ (၃) ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာပြင်း ထန်စွာရရှိလားကြောင်းလည်း သိရှိရပါသည်။

 

ဝမ်းနည်းကြောင်းသတင်းထုတ်ပြန်ချက်

ALP News & Info (မတ်လ ၂ ရက် ၂၀၁၁ ခု)

 

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဗဟိုကော်မီတီဟောင်းလည်းဖြစ် အဂုလက်ဟိ တပ်မတော်တွင် ဗိုလ်ကြီးတဦးလည်းဖြစ်သည့် ဗိုလ် ကြီးစံအေးသည် ၂၀၁၁ ခု မတ်လ (၁) ရက်နိ မိုးလင်းအာရုံတတ် ၁ နာရီခွဲ အချိန်တွင် အိန္ဒိယနိုင်ငံ မေဇူးရမ်းပြည်နယ် လုံတလိုင် ဆီးရုံတွင် သူ့ ၏ ရောဂါဟောင်းဖြင့် သူသျှစ်မြတ်နိုးသော ရခိုင် ပြည်တော်လှန်ရေး၊ ရခိုင်လူထုနှင့် လောကကြီးကို အပြီးအပိုင် စွန့် ခွါလားခသည်။

 

ALP ဂေါင်းဆောင်များ မလေးရှားနိုင်ငံရှိ ရခိုင်လူထုနှင့် တွိဆုံဆွေး

နွေးပွဲတရပ် ကျင်းပ

ALP News & Info (ဖေဖော်ဝါရီလ ၇ ရက် ၂၀၁၁ ခု)

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ မလေးရှားဌာနခွဲမှ ဦး ဆောင်၍ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဗဟိုခေါင်း ဆောင်များနှင့် မလေးရှားရောက် ရခိုင်ပြည်သူထု တွိ ဆုံဆွေးနွေးပွဲတရပ်ကို ဖေဖော်ဝါရီလ ၆ ရက်နိက  မ လေးရှားနိုင်ငံ ကော်လာမ်ပူမြို့တော်ရှိ Wisma Belia ခန်းမတွင် အောင်မြင်စွာ ကျင်းပပြီးဆီးလားကြောင်း သတင်းရဟိပါသည်။

 

ရခိုင်ပြည်မြောက်ရေးတပ်မတော်မှ နအဖ စခန်းတခုကို ပစ်ခတ်

ALP News & Info ( ဇွန်န၀ါရီလ ၄ ရက် ၂၀၁၁)

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့ အခြီစိုက် ခလရ (၅၅၀) စစ် ကြောင်း (၂)  ရှေ့တန်းအခီစိုက်စခန်း ရခိုင်ပြည် ပလက် ၀မြို့နယ်၊ လဘ၀စခန်းကို ရခိုင်ပြည်လွတ်မြောက်ရေး ပါ တီ၏ လက်နက်ကိုင်အဖွဲ့ ရခိုင်ပြည်လွတ်မြောက်ရေး တပ် မတော်မှ ဇွန်န၀ါရီလ (၃) ရက်နိ၊ နခင်း(၂) နာရီခွဲ အချိန်တွင် ၀င်ရောက်တိုက်ခိုက်ခ ကြောင်း သိဟိရပါသည်။

 

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဗဟိုဌာနချုပ်၌ ၂၂၆ နှစ်မြောက် Arakan National Black Day နိ ကျင်းပ

 

ALP news & info (ဒီဇင်္ဘာလ ၃၁ ရက် ၂၀၁၀)

 

ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ဗဟိုဌာနချုပ် တွင် ၂၂၆ နှစ်မြောက် Arakan National Black Day အခမ်း အနားကို ၂၀၁၀ ခုနှစ် ဒီဇင်္ဘာလ (၃၁)နိတွင် အောင်မြင်စွာ ကျင်းပပြီးစီးခကြောင်း သတင်းရဟိပါသည်။

 

နအဖရွီးကောက်ပွဲကို ဆန့် ကျင်သည့်အနီဖြင့် ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော်မှ နအဖစခန်းတခုကိုဝင်ရောက်တိုက်ခိုက်

 

ALP news & info (နိုဝင်္ဘာလ ၉ ရက်၊ ၂၀၁၀)

 

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) လက်အောက်ခံ ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော်မှ တပ်ဖွဲ့ တဖွဲ့ သည် ဗမာနအဖရို့၏ ပလက်ဝမြို့နယ် ပြိုင်စိုကျေး ရွာအခြီစိုက် စစ်စခန်းကို နအဖ ရွီးကောက်ပွဲ မကျင်းပမှီ နိုဝင်္ဘလ (၅) ရက်နိက ၀င်ရောက်တိုက် ခိုက်ခခြင်း ဖြစ် ကြောင်း သတင်း ရဟိပါသည်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

[Top]

Publication
 
Photos Preview
 
Interview to Patriots
Arakan Poems
Arakan Stories
 Arakan Articles
Useful Links

Copyright © ALP Info (2009)