Content

Home
About ALP
News & Info
Health Department
Education
Photos Gallery
Activities of ALA
Rakhine Human Rights
Statements
History of ALP
Publication
Application Form
So-Called Rohingya
Arakan History
Religion in Arakan
Arakan Culture
Home About ALP News & Info Photos Contact us

ကျွန်သက် ၂၂၁ နှစ်ကြာသောအခါ

မြန်မာကျူးကျော်စစ်ကို (၄၅) ရက်ကြာ ခုခံတိုက်ခိုက်ပြီးနောက် (၁၇၈၄)ခု ဒီဇင်္ဘာလ (၃၁) ရက်နိတွင် ရခိုင်ပြည်ကြီးနှင့်တကွ ရုပ်ရှင်တော် မဟာမြတ်မုနိကို အသိမ်းခံလိုက်ရ သည်။ မြန်မာများသည် ရခိုင့်ရွှေနန်းတော် ပဋိကတ်တိုက်တော်၊ ဘုန်းကြီးကျောင်းအကြီး (၃၀) အငယ် (၃၀၀၀)ကျော်ကို မီးလျှို့ ဖျက်စီးခသည်။

ရခိုင်တပြည်လုံးဖူးဖူးရောင်သော လူသီကောင်များဖြင့်ပြန့် ကြဲလျှက်ဟိသည်။ နှစ်ပေါင်း (၅၀၀၀)ကျော် ကိုယ့်ထီးကိုယ့်နန်းဖြင့် နီထိုင်လာခသော ရခိုင့်နိုင်ငံတော်၌ တိုင်းသား ပြည်သူများမှာ ကူမည့်သူမဟိ ဖီးလွတ်၇ာကို ထွက်ပြီးကြရသည်။ မြန်မာများသည် ပုခတ် တွင်းသား အချေသူငယ်များကိုမချန် သတ်ဖြတ်ခသည်။ ရခိုင်မှတ်တမ်း၌ " အချေသူ ငယ်၊ အစိတ်ကေရို့ ၊ ပြုံးရယ်ရွှင်ဘိ၊ မိမသိကို မွီးမိထံမှ၊ ယူပြီးမှလျှင် လက်ကိုကိုင် မြောက် ကောင်းခင်ရောက်က အောက်မှတဖန် ဓါးကိုလှန်၍ ခံပြန်ပြုခါ မြှေက်လီမှာလျှင် ကျလာမလွဲ နှစ်စိပ်ကွဲ၍ ရဲရဲသွီးစက်၊ အအူထွက်၏။ တချက်မြီ၌ လှံကို စိုက်၍ ခံလိုက်တုံလျှင် ရင်က၀င်၏" ဟူ၍တွိရပါသည်။ အသတ်ခံရသော ရခိုင်သား များကို " တင်းဝပန်းခိုင်၊ တမြိုင်မြိုင်၊ ရခိုင်လူအလောင်း" ဟူ၍ မှတ်တမ်းတင်ထားခ သည်။ ဂဏန်းသင်္ချာအလို (၇)သန်းကျော်သည်။ မြန်မာများသတ်ဖြတ်ခသည်ကို အစွဲပြု၍ ဂေါင်းပုံပြင် (မြောက်ဦး)၊ လူသတ်ဂျိုင် (မြောက်ဦး)၊ ရီတတ် ရီကျသောအခါ သောင်ပြင် တွင် အစုလိုက် အပြုံလိုက် ချိုင်နှောင်၍ သတ်ခသောကြောင့် ရီအကျတွင် ဖြူနီသော အလောင်းကောင်များကို မြင်ရသောကြောင့် ပြင်ဖြူမော်(မြောက်ဦး)၊ အချေသူငယ်များ ကို အရှင်လတ်လတ် ပေါင်များကိုဖဲ့၍ သတ်ခသောကြောင့် ပေါင်ဖဲ့ရွာ(မာန်အောင်)၊ လက်များကိုဖြတ်၍ တောင်နှယ်ပုံထားသောကြောင့် လက်ပုံတောင် (မာန်အောင်) ရီကန် တွင် လူအပြည့်သတ်၍ ပုံထားသောကြောင့် သီဘေးကန်(ပေါက်တော)၊ လက်ပံပြား လူသတ်ကန်(ပေါက်တော) အချေငယ်များကို ရီကျရိတတ်ချိန်တွင် ခြံလှောင်၍ သတ်ခ သောကြောင့် ခြံလှေင်ချောင်း (မာန်အောင်)၊ ခြံပြင်(မောင်တော) သွီးချောင်း (တောင် ကုတ်)၊ လူ့ အသားတစ်များကို ခွတ်ဖြတ်၍ ပုံထားသောောကာင့် အသားပုံရွာ (ပုဏ္ဏား ကျွန်း) စသည် စသည်ဖြင့် နာမတွင်သည်။

နှစ်ပေါင်း(၄၀)လုံးလုံး ရခိုင်အမျိုးတုံးအောင်သတ်ဖြတ်ခသည်။ မာန်အောင်မြို့တမြို့ တည်း တွင် အသတ်ခံခရသည်ကို မှတ်တမ်းတင်ထားသည်မှာ" လူငယ်တသောင်း၊ လူကြီး ပေါင်းမူ၊ သျှစ်သောင်းအစွန်း၊ တသိန်းမှန်း၏။ မယွန်းထိုခါ၊ သီကုန်ပါ၏ သိမ်းကာ ယူက ပြည်အင်းဝသို့  ယူပါလီငြား လူယောင်္ကျားနှင့် မပြားမှန်းထ လူမိန်းမကို ရွီ ကြလီသော် နှစ်သိန်းကျော်၏။ ကြားသော မြင်ခါ ကြောက်ဖွယ်သာတည်း" ဟူ၍ဖြစ်၏။

(၁၈၂၆) ခုနှစ် ဗြိတိသျှလက်အောက်ကျရောက်ရသောအခါ မြန်မာလက်အောက် နှစ် (၄၀) ငရဲစခန်းသည် တခန်းရပ်ခသည်။ ကျူးကျော်သူမြန်မာများကို မောင်းထုတ်၍ အင်္ဂလိပ်ရို့ ကတဖန်အုပ်ချုပ်သည်။ သို့ သော် အင်္ဂလိပ်အုပ်ချုပ်ချိန်တွင် ရခိုင်ပြည်၌ လူမ ကျန်တော့ပေ။ ရခိုင်နိုင်ငံတော်တခုလုံး သုသာန်တစပြင်ပမာ တောကြီးမျက်မဲ ဖြစ်နီလီ တော့သည်။ အင်္ဂလိပ်အကာအကွယ်ကြောင့် သီးကံမေ၇ာက်သက်မပျောက်ပဲ ရခိုင်သား တချို့  ဘင်္ဂလားနယ်တွင် ကျန်ခသည်။ ထိုသူများထဲမှ (၅) သောင်းခန့် ကို ပြန်ခေါ်ယူ၍ ရခိုင်ပြည်၌ပြန်လည်နီရာချ ထားပီးသည်။ သခင်ပြောင်းသော ကျွန်ဘ၀သည်ပင် ရခိုင်ရို့ အဖို့  ကံထူးကံမြတ်ဖြစ်သည်။ မြန်မာများ၏ လူမျိုးရေးမုန်းတီးမှုဖြင့် မျိုးဖြုတ်သတ်ဖြတ်ခြင်းမှ လွတ်မြောက်ခရသည်မဟုတ်ပါလေား။ ကျွန်ဘ၀တဖြစ်လဲကိုပင် ရခိုင်ရို့ က"ခေတ် ကောင်းခါကယင်" ဟူ၍ တင်စားခေးဝေါ်ကြသည်။ မှန်ပေသည်။ မြန်မာလက်အောက် နှစ် (၄၀) လုံးလုံး ဒုက္ခရောက်နီသော ရခိုင်သားများသည် ရီနစ်သားတုံးဆွဲ မိသကဲ့သို့  အသက်ရှူဖြောင့်ခရသည်။ ကိုယ့်အိုးကိုယ့်အိမ် ပြန်နိခွင့်ရခသည်။ တနည်းဆိုရလျှင် ဗြိတိသျှရို့ ၏ အကာအကွယ်ကို ရခိုင်ရို့ ရသည်။ ရခိုင့်စာပီ ပြန်လည် အညွန့် ထူလာနိုင် သည်။ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ခွင့် ဟိသဖြင့် အတော်အသင့် ချမ်းသာလာ ကြသည်။ ခေတ်ပညာကိုလည်း သင်ကြားခွင့်၇လာသည်။ ဘွဲ့ ထူးဂုဏ်ထူးများလည်း ဆွတ်ခူးနိုင်ခသည်။ အင်္ဂလိပ်ခေတ်တွင် ရာထူးကြီးများကို ရခိုင်သားများ ထမ်းဆောင် နိုင်ခသည်ဟု အိုင်စီအက်စ် ဦးကျော်မင်းက မှတ်တမ်းရွီးဖူးခသည်။

ကျွန်သက် (၁၀၁) ခု တင်းတင်ပြည့်သောနိ ( ၁၈၈၆) ခု ဇွန်န၀ါရီလ(၁) ရက်နိတွင် ဗမာ တပြည်လုံး အင်္ဂလိပ် လက်တွင်းသို့ ကျရောက်ရသည်။ ၀ဋ်ကြွီးပြန်လည်သည်။ ရခိုင့် အမျိုးသား ဆရာတော် ဦးဥတ္တမသည် မြန်မာပြည်၌ လွတ်လပ်ရေးမျိုးစိကို ဦးစွာပထမ အစချသည်။ ၀ံသာနု စိတ်ဓါတ်ကို နိုးဆွပီးသည်။ အကြိမ်ကြိမ်ထောင်ကျအဖမ်းခံခရ သည်။ အင်္ဂလိပ် လက်အောက်အောက်မှ လွတ်မြောက်ရန် ရခိုင်ဂေါင်းဆောင်များသည် မြန်မာများနှင့် တန်းတူကြိုးပမ်းခသည်။ အချောင်မခို ဂျောင်မခိုခပါ။ မင်းသားကြီး ရွှီဘန်း သည် အင်္ဂလိပ်ကို စတင်တော်လှန်၇န်ကြိုးပမ်းသည်။ ဤသည်ကို မြန်မာမှတ်တမ်း၌ မဟိ။ ဖက်ဆစ်ဂျပန်ကို ရခိုင်က အယင်တော်လှန်သည်။ (၁၉၄၅)ခု၊ မတ်လ (၂၇) ရက်နိ မြန်မာက ဂျပန်ကို တော်လှန်သောအခါ ရခိုင်ပြည်တွင် ဂျပန်မဟိပါယာ။ ရခိုင်ရို့ သည် ကိုယ့်အားကိုယ်ကိုး တော်လှန်ခြင်းဖြစ်သည်။ ဗမာ့တပ်မတော်မှ ရိုင်ဖယ်တလက် အကူ အညီမယူပါ။ ဂျပန်အဆုတ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ၇ခိုင်ပြည်သို့ေ၇ာက်လာ သည်။ ဦးစိန္တာကျင်းပသော ကြာအင်းတောင် ညီလာခံကို တတ်ဖြစ်သည်။ အလံနီပါတီမှ ဦးအောင်သန်းက ဗိုလ်ချုပ်အောင်ဆန်းကို လူသတ်မှုဖြင့် တရားစွဲသည်။ (အသေးစိပ်ကို ဘုံပေါက်သာကျော် စာအုပ်တွင်ဖတ်ပါ) စစ်တွေ ကြက်ကိုင်းတန်တွင် "၇ခိုင်တကျပ် ဗမာတကျပ်၊ သျှမ်းတကျပ်၊ ဗမာတကျပ်" တရားကို ဟောသည်။ စည်းရုံး၍ မရသဖြင့် "မြွီပွီးနှင့် ရခိုင်ကိုတွိလျှင် ရခိုင်ကို အယင်သတ်ရမည်" မြန်မာပြည်တွင်ဝါဒဖြန့်သည်။ သခင်စိုး၊ သခင်သန်းထွန်း ၊ ကွန်မြူနစ်အဖွဲ့ များကလည်း ဆရာတော် ဦးပညာသီဟအား ဗမာပြည်လွတ်လပ်ေ၇းရလျှင် ရခိုင်ကိုလည်း လွတ်လပ်ရေးပီးမည်။ မန္တလေးမဟာမြတ် မုနိကိုလည်း ပြန်ပီးမည်ဟု လိမ်သည်။ ဥာဏ်တုံးသော ရခိုင်ဂေါင်းဆောင်များက မြန်မာ မျက်လှည့်ကို ယုံကြသည်။ လွတ်လပ်ရေးရလာသည်။ သို့  သော် မြန်မာ့လွတ်လပ်ရေး ဖြစ်သည်။ ရခိုင်နှင့်မဆိုင်ပါ။ သျှမ်းနှင့်မဆိုင်ပါ။ မွန်နှင့်မဆိုင်ပါ။ ကရင်နှင့်မဆိုင်ပါ။ တိုင်းရင်းသားများကို ကလိမ်ကကျစ်လုပ်၍ ရယူခသော လွတ်လပ်ရေးဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်းပြောသော ရခိုင်တကျပ်-မွန်တကျပ်၊ သျှမ်းတကျပ် - ဗမာတကျပ်မူသည် တိုင်းရင်းသား တကျပ် ဗမာအားလုံးဖြစ်လာသည်။ တိုင်းရင်းသားများ တကျပ်စီရသော အခါ မြန်မာက (၇)ကျပ် အိတ်ဝင်သပိတ်ဝင်ပင့်သကူ အချောင်ရသည်။ ( အခု DVB အသံလွင့်ဌာနတွင် မြန်မာအသံက  တရက် (၄၅ )မိနစ်ရသောအခါ တိုင်းရင်းသား တမျိုး စီက တပတ်လုံးမှ (၁၅) မိနစ်ရသည့် ဥပမာနှင့် အလားတူသည် ) တနည်းပြောရလျှင် ရခိုင်ရို့ သည် မြန်မာများအောက် နောက်တကြိမ်ကျွန်ဇာတ်သွင်း ခံလိုက်ရသည်။

မြန်မာရို့ သည် သမိုင်းစဉ်တလျောက်ရခိုင်လူမျိုးအပေး မည်သည့်အခါမှ ကောင်းကျိုး မပီး ခပါ။ ဗိုလ်ရန်အောင် ဂေါင်းဆောင်သော ဗမာ့တပ်မတောသည် မောင်ဝိုင်းတပ်အပြီး နှစ်ပေါင်း (၁၁၆) နှစ်အကြာတွင် ရခိုင်ပြည်၌ ပထမဆုံးခြီချလာသည်။ ( ၁၉၄၂) ခုတွင် ကုလား၇န်ကို ကြောက်၍ ထွက်ပြီးလာသော ရခိုင် (၄၀၀) ကျော်ကို ဗိုလ်ရန်အောင်သည် အကူအညီမပီးဘဲ သင်္ဘောကိုဖောက်၍ လုပ်ကြံလိုက်သည်။ မြန်မာပြည်လွတ်လပ်ရေး ရပြီ။ လွတ်လပ်သော မြန်မာပြည်တွင် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်ဟုဆို သည်။  ပါလီမန်တွင် ရခိုင်သားများ လွတ်လပ်စွာ ပြောဆိုခွင့် တင်ပြခွင့်ကားရသည်။ သို့သော် လွတ်လပ်စွာ လုပ်ပိုင်ခွင့်ကားမရ၊ ၁၉၅၂ ခုနှစ်တွင် တောပန်ဇင်း၊ အခစား (ကျောက်တော်) မကျည်းကုန်း (မာနအောင် ) စသော ရွာများကို ရွာလုံးကျွတ်သတ်ဖြတ် ပြီး ဦးနုက ရခိုင်သားများကို ဒီမိုကရေစီနှင့် မိတ်ဆက်ပီးလိုက်သည်။ ဦးနု၏ ဒီမိုကရေစီ သည် ရခိုင်သားအဖို့ ခါးသီးလှသည်။ မြောက်ဦးမြို့ နန်းရာကုန်းထက်တွင် ရခိုင်မျိုးချစ် ထွန်းလှအောင်ကို မြန်မာစစ်တပ်က ကျားထိုးသတ်ပစ်လိုက်သည်။ ရခိုင်နိုင်ငံတော်သည် ဂျပန်ထက်အဆပေါင်းများစွာဆိုးသော မြန်မာလက်အောက်သို့  တဖန်ကျရောက်ရသည်။

(၁၉၅၈) ခုနှစ်တွင် ဖဆပလ နှစ်ခြမ်းကွဲသည်။ ပြည်နယ်ပြဿနာပေါ်လာသည်။ ဦးနု ဂေါင်းဆောင်သော တည်မြဲ ဖဆပလ က သူ့ ပါတီကို မဲပီးလျှင် ရခိုင်ကို ပြည်နယ်ပီးမည် ဟု လိမ်သည်။ သန့် ယှင်း ဖဆပလ ဘဆွေက " ပြည်နယ်မပေးနိုင်ဘူး၊ ခင်ဗျားတို့ ကို ကျန်တဲ့ဟာကိုဘဲပေးနိုင်မယ်" ဟု ပြောင်တိုက်စိန်ခေးသည်။ ရခိုင်သားများသည် ပြည်နယ်အဆင့်ကိုပင် မြန်မာများထံမှ လက်ဖြန့် တောင်းခံရသော သူတောင်းစားဘ၀ ကျရောက်ရတော့သည်။ ပြည်နယ်လိုချင်သော ရခိုင်သားများသည် မျက်စိမှိတ်၍ ရတည မဲအပါအ၀င် အမတ်နီရာ (၉)ခုစလုံးကို ဦးနုအား ပုံအောလိုက်သည်။ (၁၉၆၀)ပြည့် ဖေဖေါ်ဝါရီလရွီးကောက်ပွဲတွင် ဦးနုပါတီအနိုင်ရသည်။ သို့ သော် ရခိုင်သားများ ပြည်နယ် မရ။ ဒုတိယံပ္ပိအလိမ်ခံရသည်။ ရခိုင်များမှာ အရှက်လည်းရ ၀မ်းလည်းကြီးရသည်။ ' ဦးနု ကတိတည်ပါစီ ရခိုင်ပြည်နယ် အယင်ပီး' ဟူ၍သာ ငယ်သံပါအောင်အော်၍ လိုင် ခြောင်းကွဲသည်။ ၀င်သီးနာသည်။ ရခိုင်က ပြည်နယ်တောင်း သျှမ်းက ဖက်ဒရယ်မူ တင် လာသောအခါ ဦးနုသည် ဟန်မဆောင်နိုင်တော့ပေ။ နေ၀င်းကို အာဏာလွဲအပ် လိုက်ရသည်။ မြန်မာများ၏ ပင်ကိုယ် ဘီလူးရုပ်ကို ပြရတော့သည်။

အောင်ဆန်း 'တကျပ်' ကို နေ၀င်းကလုယူလားခသည်။ ထိုအခါ မြန်မာက (၁၄) ကျပ်ရ၍ တိုင်းရင်းသားများမှာ ၀လုံးကွင်းသည်။ (၁၉၆၇) ခုနှစ် သြဂုတ်လ (၁၃) ရက် ဥပုသ်နိ စစ်တွေမြို့ တွင် ရခိုင်သား (၃၀၀) ကျော်ကို နေ၀င်းက သတ်ပစ်လိုက်သည်။ ' ဘားဗူဟိ ယင့်၊ ဆန်ဟိယင့်၊ ဒိုင်းကျီဟိယင့် ရိဟိယင့်' ဘ၀င်မြင်နီသော ရခိုင်သား။ နေ၀င်း လက်အောက် ထမင်းငတ်၍ သူတောင်းစားဖြစ်သည်။ ယခီး ဟု အခေါ်ခံရသည်။ မြန်မာ ဗချီး နှင့် ရခိုင် ယခီး အသားစား အရီစားဖြစ်ကတ်ရသည်။ မြဆန်စက်ရှိတွင် ရခိုင်သား များခွီးသီဝက်သီ သီကတ်ရသည်။ ' မသီပါသိမ့်၊ အသက်ဟိသိမ့်ရေ' ဆိုကေလည်းမလွတ်။ အရှင်လတ်လတ်မြီမြုပ်ခံရသည်။ မဆလလက်အောက် ၇ခိုင်တမျိုးသားလုံး စာရိတ္တမဏ္ဍိုင် ပျက်စီး၍ ရခိုင်လူညွန့် တုံးသည်။ ညီအစ်ကိုပါဟု မြန်မာများလိမ်၍ မရ။ ရခိုင်နှင့် မြန်မာ သည် တသီးတခြားစီဖြစ်သည်။ ရခိုင်လူမျိုးသည် သမိုင်းစဉ်စက် ကိုယ့်ထီး ကိုယ့်နန်း ရာဇ၀င်နှင့်လာသော လူမျိုးတမျိုးဖြစ်သည်။ မြန်မာရို့ သည် မွန်ကတဆင့် ဗုဒ္ဓဘာသာ ဖြစ်သည်။ မြန်မာများ အရေးကြီးရဟန်းကိုးကွယ်နီချိန်တွင် ရခိုင်ပြည်တွင် နှစ်ပေါင်း တထောင်ကျော် ဗုဒ္ဓဘာသာအမြစ်တွယ်ပြီးဖြစ်သည်။ ဧရာဝတီမြစ်သည် ကပ္ပလီပင်လယ် ထဲသို့ စီးဝင်သည်။ ကုလားတန်မြစ်သည် ဘင်္ဂလားပင်လယ်ထဲသို့ စီးဆင်းသည်။ ရခိုင်နှင့် မြန်မာသည် မြီလည်းမတူ ရီလည်းမတူ လူလည်းခြားသည်။ (၈၈) အရေးအခင်းဖြစ်၍ ဗမာတပြည်လုံးကျကျက်ရိုက်သောအခါ ရခိုငပြည်ကိုလည်း ကူးစက်လာသည်။ ပြီးယှောင် ခရသော ရခိုင်သားများမှာ ဘောက်သာလိုက်။ ထောင်ကျသားလည်းမကန်။ ကြိုးပီး အသတ်ခံရသူမနည်း။ (၁၉၉၀) ခုနှစ် ရွီးကောက်ပွဲတွင် ရခိုင်ပါတီ (ALD)က အမတ် (၁၁) နီရာရသည်။ အဖိုး ဦးသာထွန်း ထောင်ထ၌အသက်ခံရသည်။ များမကြာ ရခိုင်ပါတီ အဖြိုခံရသည်။ ရခိုင်ဂေါင်းဆောင်များကို ဖမ်းဆီးထောင်ချသည်။ NLD ပါတီက မဲဆွယ် တရားဟောနိုင်ချိန်တွင် ရခိုင်သားများမှာ ယောင်၍ပင်ဟ၍မရ။ ပြောမိဆိုမိလျှင် မျက် ကန်းမျိုးချစ်၊ အမြင်ကျဉ်းသူများအဖြစ် တံဆိပ်အရိုက်ခံရသည်။ ကျဉ်းမြောင်းသော မြန်မာ လူမျိုးငယ်ဝါဒအောက်တွင် ရခိုင်သားများ၏ ဘ၀စုန်းစုန်းမြုတ်ရပါတော့သည်။ (၁၉၇၄) ခုနှစ် ဖွဲ့ စည်းပုံကို နေ၀င်းက (၉၉)ဒသမ (၇) ရာခိုင်နုန်းထောက်ခံမှုရသည်ဟု လိမ်၍ အတည်ပြုခသည်။ အခုလည်း လိမ်၍ မကြာခင်အတည်ပြုတော့မည်။ ဗိုလ်ချုပ်အောင် ဆန်းက "မြွီပွီးနှင့်ရခိုင်ကိုတွိလျှင် ရခိုင်ကို အယင်သတ်ရမည်" ဟုပြောသည်။ ရခိုင် ပြည်စည်းရုံး ရေးခရီးအပြီးတွင် ဒေါ်စုက ' ကျမတော့ ရခိုင်ကို ချစ်မိသွားပြီ' ဟုဆို သည်။ အသူ့ ကို ယုံရပါမည်နည်း။ (၂၀၀၅) ခုနှစ် ဒီဇင်္ဘာလ (၃၁) ရက်နိတွင် ၇ခိုင် ကျွန်သက် (၂၂၁) နှစ် တင်းတင်းပြည့်သည်။ ရခိုင်ပညာတတ်များ စဉ်းစားပါ။ ပညာ မတတ်သူများလည်း ဝေဖန်ပါ။ ရခိုင်အရိုး တောင်ပုံယာပုံဖြစ်လားဗျယ်။ ဂုဏ်ပြုကြပါ။ လေးစားကြပါ။ ယခုတဖန် ရခိုင့်ကံကြမ္မာသည် အကျွန်ုပ်ရို့ ၏ ဂေါင်းထက်သို့  ကျရောက် လတ်ပြီ။ ရခိုင်ပညာတတ်များ၊ ပညာဟိများ၊ ပညာသျှင်များ၊ မညာမဲ့များ အားလုံးသတိ ထားကြပါ။ မြန်မာရို့ ဖော်စပ်သော ၀မ်းနုတ်ဆီး အမျိုးမျိုးကို သောက်ဖူးခပြီ။ ရခိုင်ရို့ ၏ တခုတည်းသော အန္တိမပန်းတိုင်သည်ကား ပဇာဖြစ်ပါသနည်း။ ရခိုင့်အချုပ်အချာ အာဏာ ရခိုင့်လက်တွင်းရောက်ေ၇းဖြစ်သည်။

သမိုင်းကြောင်းကို ပြောလျှင် ပဒေသရာဇ်အချင်းချင်း စစ်ခင်းခကတ်သည်ဟု၍ စကား လှဆိုသည်။ သို့ သော် မြန်မာရို့ သည် ပဒေသရာဇ်များ သိမ်းယူခသော နယ်မြီများကို အပိုင်၇လိုသည်။ ကမ္ဘာမကျေမသာမြေ ကြွေးကြော်၍ ဘုရင့်နောင်၊ ကျန်စစ်သား၊ အလောင်းဘုရားစသည်ဖြင့် အခြောက်တိုက် ရန်စောင်နီတတ်သည်။ ပညာပီးရဖို့ အချိန် ရောက်လတ်ပြီ။ ကနိအချိန်၌ ရခိုင်သားများသည် မည်သို့ မျှမတုန့် ပြန် သိမ့်သော်လည်း မုန်တိုင်းသည် ကြိမ်းဝါးဖို့ အတွက် အားယူတာစူလျှက်ဟိသည်။

အပြင်မှာပျား အတွင်းမျှား

လှည့်ဖြားမာယာ နုတ်ဝါစာဖြင့်

ဖွတ်လျှာလျောက်သား ခွီးစကားကို

ယုံမှားတခါ မဟိရာ။

ပြည်ပရောက် ရခိုင်မျိုးချစ်လူငယ်များ ( ၂၀၀၆ ခု၊ ဂျူလိုင်လ (၅) ရက် ဗုဒ္ဓဟူးနိ။

[Top]

Publication
 
Photos Preview
 
Interview to Patriots
Arakan Poems
Arakan Stories
 Arakan Articles
Useful Links

Copyright © ALP Info (2009)