\

Content

Home
About ALP
News & Info
Health Department
Education Department
Photos Gallery
Activities of ALA
Rakhine Human Rights
Statements
The History of ALP
Publication
To Join ALP
So-Called Rohingya
Arakan History
Religion in Arakan
Home About ALP News & Info Photos Contact us

                     

မင်းကွန်းခေါင်းလောင်းထဲမှ ငိုကြွီးသံများ

 

ထနောင်းပင်ရိပ်နှင့်

တမာရိပ်ရို့ 

လွှမ်းခြုံထားရာ

အညာဒေသ

 ပျူဂါမသို့ 

တခေါက်တခါ

ရောက်ဖြစ်ပါလျှင်

 မန္တလေးတဖက်

မင်းကွန်းရပ်ကို

မဖြစ် ဖြစ်အောင်

အမောင်လားလီ

လိလာခီ။

 

ထိုသည့်ဒေသ

မင်းကွန်းတခွင်

လယ်တောပြင်မှာ

ဆူးခြုံနွယ်ပုပ်

မြက်သစ်ငုတ်နှင့်

အုတ်ခွပ်ကျောက်ခဲ

လှန်ဖော်ကြည့်ကေ

ရှေ့ ကဖီးဘွား

ရခိုင်များ၏

ကျောက်ဖြစ်ရုပ်ကြွင်းပမာ

အရိုးများစွာ

အမောင်ရှာလို့ 

တွိလိမ့်မည်။

 

ထိုအရိုးများ

ဤနားတ၀ိုက်

ဟိုမှာတစ

သည်တစနှင့်

ထောင့်နားမျိုးစုံ

ပြန့် နီပုံကို

အကယ်၍သာ

အမောင့်ရင်မှာ

သိချင်ပါလျှင်

ဧရာဝတီ မြစ်မဟီ၏

 တထောင့်တနား

ရီကမ်းဘားမှာ

ကုန်းဘောင်ခောတ်၏

မောင်ဝိုင်းရာဇာ

 နယ်ချဲ့ ဗမာက

ကြီးချိန်ပိဿာ

မြောက်များစွာကို

ဖျော်ကာသွန်းလုပ်

သမုဒ်နာမ ပီးထားခသည့်

မင်းကွန်းမည်ခေါ်

ခေါင်းလောင်းတော်နား

အသာလားပြီး

အနားကိုကတ်

ပါးကိုဟပ်ကာ

 နားထောင်ပါ။

 

ထိုခေါင်းလောင်းထဲ

မြောက်ဦးနန်းတွင်း

လူသတ်ကွင်းဘဝ

ကျရောက်ရချိန်

ဗြီးသံလွှားသံ

ငိုၾကြီးသံမ်ား

တိုးသံခြက္သံ

ႀကဳံး၀ါးသံမ်ား

ပဲ့တင်ရိုက်ဟပ်

ထင်ကျန်ခသံ

သောသောညံမျှ

ကြားနီရ၏။

 

စဉ်းစားကြည့်ဖိ

တွေးကြည့်ဖိ အမောင်

နားထောင်ကြည့်ဖိ

သွီးဆူဘိလော။

 

ရခိုင်ရွှီနန်း

ပြောင်ဝင်းတောက်ပ

 ကြီးခေါင်မကို

ခွါချသယ်ယူ

သူရို့ မူအဖြစ်

ဖျော်ထုသွန်းလုပ်

သမိုင်းရုပ်ခေါင်းလောင်း

အသွင်းပြောင်းကာ

မဟာဗမာ

ကြီးကျယ်စွဟု

အောင်စည်တီးခတ်

လျှောက်လာကတ်စွာ

နှစ်ပေါင်းနှစ်ရာ

ကျော်လားဗျာယ်ယေ။

 

ငါရို့ ရခိုင်

ပြည်မဏ္ဍိုင်ကား

နန်းယိုင်လဲပြို

စည်ဗဟိုလည်းပျောက်

ပြည်မီးတောက်ကာ

ထိုမှဂုတိုင်

နလံမထူနိုင်ဘဲ

မိစ္ဆာလူမျိုးအောက်

 ကျွှန်သဘောက်ဘ၀မှာ

ပျော်ရွှင်စရာ

ဝီးကွာဆိတ်သုန်း

သင်္ချိုင်းကုန်းပိုင်

တပြည်လုံးဒုက္ခ

ရောက်နီရရေ။

 

ဒေမိစ္ဆာနတ်ဆိုး

ဗမာတိကို

ငါရို၏ဌာနီ

ရခိုင်ပြည်မှ

သုတ်သင်မောင်းထုတ်

ပြည်သစ်လုပ်ဖို့ 

အမောင်အားထုတ်

နိုင်ပါလီ။

 

ကိုကြီးရခိုင် (သရီချောင်း)

 

 

 

[Top]

Publication
 
Photos Preview
 
Interview to patriots
Arakan Poems
Arakan Stories
Arakan Articles
Useful links

 

 

 

 

Copyright © ALP Info (2009)