Arakan Liberation Party » Health
Health
Health Department of Arakan Liberation Party
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၏ ကျန်းမာရေးဌာန
ရခိုင်ပြည်လွတ်မြောက်ရေးပါတီတွင် မိမိရို့ ရခိုင်ပြည်သူလူထု ကျန်းမာရေးကိစ္စများကို ပိုမိုစောင့်ရှောက်နိုင်စီရန် အတွက် ကျန်းမာရေးကို ပါတီတွင် ဌာနတခုအဖြစ်ထားရှိပြီး နိုင်ငံတကာ အကူအညီများဖြင့် ရခိုင်ပြည်သူလူထု ကျန်းမာရေးကို ကျယ်ပြန့်စွာ စောင့်ရှောက်လျှက်ရှိပါသည်။ ထိုသို့စောင့်ရှောက်မှုများမှာ နယ်စပ်ဒေသတွင် နေထိုင်သည့် ရခိုင်နွယ်ဝင်တိုင်းရင်းသားများ၊ ရွှေပြောင်း ရခိုင်အလုပ်သမားများနှင့် ရခိုင်ဒုက္ခသည်များကို ကျန်းမာရေးအတွက် အခမဲ့စောင့်ရှောက်လျှက် ဟိပါသည်။ ကျန်းမာရေးပညာပီးခြင်း၊ အရပ်ဖက်ဆီးလုပ်သားများ မွီးထုတ်ခြင်း၊ လူနာများကို ကုသခြင်း စသည်တို့ကို လုပ်ကိုင်လျှက်ဟိပါသည်။
ထို့အပြင် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် စစ်ကြောင်းထွက်ရာ တလျှောက်တွင်လည်း ဝေဒနာရှင် လူနာ များကို ဆီးဝါးကုသပီးခြင်း၊ ကာကွယ်ဆေးများ တိုက်ကျွေးခြင်း၊ ကျန်းမာရေးပညာပီးသင်တန်းများကို ကဏ္ဍ အလိုက်ခွဲဝေ၍ ကျယ်ပြန့်စွာ လုပ်ဆောင်လျှက်ရှိပါသည်။
(၁) ပါတီဗဟိုဆီးရုံ
ရခိုင်ပြည်လွတ်မြောက်ရေးပါတီဗဟိုဌာနချုပ် လွတ်မြောက်ဧရိယာတွင် ဗဟိုဆီးရုံကို ဖွင့်လှစ်ထားပြီး ထိုဆီးရုံသို့ လာရောက်ဆီးကုသသူ ဝေဒနာရှင်များအားလုံးကို လူမျိုး၊ ဘာသာ၊ အသားအရောင်၊ ကျားမ မခွဲပဲ အဆင်ပြေ ချောမွေ့စွာ ၀ါရင့်ဆီးမှူးများက အခမဲ့ ဆီးဝါးကုသပေးလျှက်ရှိပါသည်။ ဗဟိုဆီးရုံသို့ လာရောက်ဆီးကုသသူအများစုမှာ ပြည်တွင်းရခိုင်ဒုက္ခသည်များဖြစ်ကြပြီး၊ ရခိုင်ရွှေ့ပြောင်းအလုပ်သမားများနှင့် အခြားရခိုင်အနွယ်ဝင် ခမီ၊ မြို၊ ဒိုင်းနက်၊ သက် အစဟိသည့် တိုင်းရင်းသားများလည်း လာရောက်ဆီးကုသကြသည်။
(၂) Arakan Backpack Team ( ရခိုင်နယ်လှည့်ကျောပိုးအိပ်အဖွဲ့)
နယ်လှည့်ကျောပိုးအိပ်အဖွဲ့ဟု အမည်တပ်ထားသည့်အဖွဲ့သည် စေတနာရှင်နိုင်ငံတကာ အကူအညီဖြင့် ရခိုင်-ဘင်္ဂလား- အိန္ဒိယ နယ်စပ်တလျှောက်ရှိ ပြည်သူများနှင့် ရခိုင်ပြည်ရှိတပ်မတော်သားများ လက်လှမ်းမှီသည့် မြို့နယ်များသို့ သွားရောက်ကာ အိမ်တိုင်လာရောက် ကာကွယ်ဆီး များ ဖြန့်ဝီခြင်း၊ ဝေဒနာရှင်လူနာများကို ဆေးဝါးကုသခြင်းနှင့် ကျန်းမာရေးပညာပေး အစီအစိုင်များကို ဟောပြောသင်ပြလျှက်ကာ ကျယ်ပြန့်စွာ လုပ်ဆောင်လျှက်ဟိသည်။ နယ်လှည့်ကျောပိုးအိပ်အဖွဲ့ဟု အမည်တပ်ထားသည့်အတိုင်း ဆီးခန်းအခြေတကျနှင့် ရောက်ရှိလာသည့် လူနာများကို ဆေးဝါးကုသခြင်းမျိုးမဟုတ်ပဲ တအိမ်တတ်၊ တအိမ်ဆင်း၊ တရွာတတ်တရွာဆင်း ဆိုသကဲ့သို့ ဆီးအပ်များကို ကျောပိုးကာ အခမဲ့ ကုသလျှက်ရှိပါသည်။
(၃) Arakan Health Organization ( ရခိုင်ကျန်းမာရေးအဖွဲ့)
ရခိုင်ကျန်းမာရေးအဖွဲ့သည် ရခိုင်နယ်စပ်ဒေသတွင် အခြေစိုက်ထားပြီး လူနာများကို ဆီးဝါးကုသည့် ဆီးခန်း များဖွင့်လှစ်၍လည်းကောင်း သုံးလတကြိမ်ကျစီ ကျန်းမာရေး ပညာပေးသင်တန်းများ ပို့ချခြင်းကိုလည်းကောင်း၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေး၊ တီပီရောဂါ တိုက်ဖျက်ရေး၊ အေအိုင်ဒီအက်စ် ရောဂါတိုက်ဖျက်ရေးများကိုလည်း ၀ါရင်ဆီးမှူးတဦး ဦးဆောင်၍ ပြည်သူလူထု၏ ကျန်းမာရေးကိစ္စများကို အနီးကပ်စောင့်ရှောက်လျှက်ရှိသည်။
အထက်ပါ ကျန်းမာရေးအဖွဲ့(၃) ခု သာမကပဲ မိခင်နှင့်ကလေးစောင့်ရှောက်ရေး ( MCH )၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေး၊ တီပီရောဂါတိုက်ဖျက်ရေး၊ မိသားစုစီမံကိန်း၊ ၀မ်းရောဂါနှင့် ပတ်သတ်သည့် ပညာရေးသင်တန်းများ၊ အစားအစာနှင့် သောက်သုံးရေသန့်ရရှိရေး၊ ပညာပေးသင်တန်းများကိုလည်း ဆီးမှူးများ (၃) ယောက်တစု၊ ၄ ယောက်တစုစီ ကဏ္ဍအလိုက်ခွဲဝေ၍ စနစ်တကျ အကောင်အထည်ဖော် လုပ်ဆောင်လျှက်ရှိပါသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ကျန်းမာရေးဌာနနှင့် ပူးပေါင်းလုပ်ဆောင်နေသည့် သို့မဟုတ် ကူညီပီးနီသည့် အဖွဲ့အစည်းများမှာ National Health and Education Committee (NHEC) Burma Medical Association ( BMA), GHAP, WHO နှင့် အခြားအခြားနိုင်ငံတာ ကျန်းမာရေးစောင့်ရှောက်ရေး အဖွဲ့အစည်းများနှင့် ရခိုင်လူထု ကျန်းမာရေးအတွက် ပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်။
ကျန်းမာရေးဌာန
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ




