Arakan Liberation Party » News & Info » ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ ဆက်ဆံရေးရုံးဖွင့်လှစ်
ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ ဆက်ဆံရေးရုံးဖွင့်လှစ်
ရခိုင်ပြည် လွတ်မြောက်ရေး ပါတီမှ ပထမဆုံး အနီနန့် ကျောက်တော်မြို့  ဆက်ဆံရေး ရုံးဖွင့်ပွဲ အခမ်းအနား ကို စက်တင် ဘာလ ၃ ရက်နိ နံနက် (၉) နာရီ အချိန် စတင် ကျင်းပခသည်။ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ဆက်ဆံရေးရုံး ဖွင့်ပွဲသို့  ရခိုင် ပြည်နယ် လုံခြုံရေးနှင့် နယ်စပ် ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်း၊ ပြည်နယ် ရှေ့ နယ်ချုပ် ဦးလှသိန်း အပါ အ၀င် ကျောက်တော်မြို့ မှ ဌာနဆိုင်ရာ လူကြီးများ တတ်ရောက် ခကတ်သည်။
အခမ်းအနား အစီ အစဉ်အရ ရခိုင် စည်တော်(၁၈)လုံး တီးခတ်ကာ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ဆက်ဆံ ရေးရုံးကို ရခိုင်ပြည် လွတ်မြောက်ရေး ပါတီမှ ဆရာမ စောမြရာဇာလင်း၊ ပြည်နယ် အစိုးရဖက်မှ ဗိုလ်မှူးကြီး ထိန်လင်းတို့ က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြသည်။
“ ဒီရုံး ဖွင့်လှစ်ပြီးတဲ့ နောက်ပိုင်းမှာ နိုင်ငံတော် အစိုးရနဲ့ ကောင်းမွန်တဲ့ ဆက်ဆံ ရေးတွေကို တိုးချဲ့ ဆောင် ရွက် သွားမယ်။ ပြီးတော့ ရခိုင်ပြည် တိုးတက်ဖွံ့ဖြိုးရေး လုပ်ငန်းတွေ၊ ရခိုင်လူမျိုး တခုလုံး အတွက် အကျိုးရှိ မည့် လုပ်ငန်း တွေကို ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်” ဟု ဆရာမ စောမြရာဇာလင်းမှ ပြောသည်။
ရုံးဖွင့်ပွဲ အခမ်း အနားကို ALP ပါတီမှ ဒေါ်စောမြရာဇာလင်း၊ အရံ ဗဟိုကော် မီတီဝင် ခိုင်အောင်စိုးသန်း၊ မြန်မာ အစိုးရဖက်မှ နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း၊ ဦးလှသိန်းနှင့် ရခိုင် တိုင်းရင်း သားများ တိုးတက်ရေး ပါတီ ခေါင်းဆောင်များ၊ ရခိုင်ဒီမို ကရေစီအဖွဲ့ချုပ်မှ ခေါင်းဆောင်များ တက်ရောက်ခဲ့သည်ဟု သိရသည်။
ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ၏ ဆက်ဆံရေး ရုံးများကို ရခိုင်ပြည် အတွင်းရှိ တခြားမြို့ များဖြစ်သည့် စစ်တွေ၊ မောင်တော၊ ပလက်ဝနှင့် ရန်ကုန်၊ မြ၀တီစသည့် မြို့များတွင်လည်း ဖွင့်လှစ်သွားနိုင်ရ ကြိုးစား နေသည်ဟု ဒေါ်စောမြရာဇာလင်းက ပြောသည်။
တခြား မြို့နယ်များတွင် ဆက်ဆံရေး ရုံးများ ဖွင့်ပြီးသည့် နောက်ပိုင်းတွင် ALPအနေဖြင့် အစိုးရ အပြင် လူမှုအဖွဲ့ အ စည်းများ အပြင် ရခိုင်ပြည် သူလူထု တိုးတတ်ရေး အတွက် ပြည်သူများနှင့် ညှိနိုင်းလုပ် ဆောင်သွား မည်ဟုလည်း ဒေါ်စောမြရာဇာလင်းက ပြောသည်။
ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ALP မှ ကျောက်တော်မြို့တွင် ဆက်ဆံရေး ရုံးဖွင့်ရန် သဘောတူ ညီထား သော်လည်း ပြည်တွင်း မငြိမ် သက်မှုများ ကြောင့် အစိုးရ ဖက်မှ ရုံးဖွင့်ရန် ဆိုင်းငံ့ထား ရာမှ ယခုအခါမှ စတင် ဖွင့်လှစ်နိုင် ခြင်း ဖြစ်သည်။
အစိုးရ ဖက်မှ ရခိုင်ပြည်တွင်း မငြိမ် မသတ်မှုကြောင့် လူ ၂၀၀ ထက် မဖိတ်ကြားရန် ရခိုင်ပြည် လွတ်မြောက် ရေး ပါတီကို မေတ္တာရပ် ခံထားသော်လည်း ဆက်ဆံရေးရုံး ဖွင့်လှစ်ပွဲသို့ လူပေါင်း ၅၀၀၀ ကျော်တက် ရောက်ခဲ့သည်ဟု သိရသည်။
ရခိုင်ပြည် လွတ်မြောက်ရေး ပါတီကို ၁၉၆၇ ခုနှစ် ဧပြီလ (၉)ရက်နိတွင် စတင် ထူထောင်ခပြီး၊ ပထမ အကြိမ် ကြိုးပမ်းမှု၊ ဒုတိယ အကြိမ် ကြိုးပမ်းမှုများ ဆုံးရှုံး ပြီးနောက် အဂု တတိယ အကြိမ်ကြိုး ပမ်းမှု၏ အောင်မြင်မှု ရလဒ်အဖြစ် ထိုင်း-ကရင်နယ်စပ်၊ ရခိုင်-အိန္ဒိယ နယ်စပ်၊ ရခိုင် – ဘင်္ဂလား နယ်စပ်များတွင် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီနှင့် လက်နက်ကိုင် လွတ်မြောက်ရေး တပ်မတော်မှ ရခိုင် ပြည်သူများ ရသင့်ရ ထိုက်သည့် အခွင့်အရေး အများအတွက် တိုက်ပွဲဝင် လျှက်ရှိသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ
ရခိုင်ပြည်
Filed under: News & Info











