Arakan Liberation Party » Arakan Article » ရခိုင့်နိုင်ငံရေးစကားဝိုင်း ( အပိုင်း -၂ ) (ဆောင်းပါး)
ရခိုင့်နိုင်ငံရေးစကားဝိုင်း ( အပိုင်း -၂ ) (ဆောင်းပါး)
ယေကေ အကိုး ၊ အကို့ စကားကို ဖြတ်တေ လို့တော့ မပြောကေ့ဖိ။ သိချင်စွာ အရာတခုက ရခိုင်ပြည် ဧရိယာ ဇာလောက် ဟိရေလဲအကိုး’ကျနော် အဖန်ရည် ခွက်ကို သောက်ဖို့ ပျင်ယင်း သက်ပြင်း တချက် ချလိုက် မိသည်။ ထိုနောက် ကျနော်က ဆက်လက်၍ ‘အဲ အကို ကျနော် ပြော မယ်။ အဂု လက်ဟိ အောက်သားတိ ပြစွာက ရခိုင်ပြည် ဧ၇ိယာစွာ (၁၄၂၀၀) စတုရန်းမိုင်ပါ။ ယေကေလည်း အကို ပြောဖို့ ဆိုကေ အားလုံး ဒေါသ ထွက်စရာ တိဗျာယ်။ ရခိုင် ပြည်ကို အောက်သား သိမ်းပြီး နောက်ပိုင်း၊ ယင်းမှ တဖန် ပထမ အင်္ဂလိပ်-ဗမာစစ်ပွဲ အပြီးမှာ ( ၁၈၂၄- ခု၊ ဖေဖေါ် ၀ါရီလ ၂၄) ရက်နိ တွင် လက်မှတ် ရီးထိုးခရေ ရန္တပို စာချုပ် အရ ရခိုင်ပြည် ဧ၇ိယာစွာ (၂၁၆၉၄) စတုရန်းမိုင် ကျယ်ဝန်း ပါရေ။ ကမ်းခြေ အလျားက ဆိုကေ စတုန်းမိုင် (၄၈၀)ရှည်လျှား ပါေ၇။ တနည်း အားဖြင့် ထိုစာချုပ်စွာ ခရစ်နှစ် (၁၄၅၄) ခုနှစ်မှာ မြောက်ဦးခေတ် ရခိုင်ဘုရင် နရနု နန့် အောက်သား အင်းဝဘုရင် မင်းခေါင်ရို့ ဗမာနိုင်ငံနန့် ရခိုင်နိုင်ငံကို သတ်မှတ်တေ ဧ၇ိယာနန့် ရန္တပိုစာချုပ် အရ ရခိုင်ပြည် ဧ၇ိယာ သတ်မှတ် လိုက်စွာ အတူတူဖြစ်တေ။ ဆိုလိုစွာက ရခိုင်ပြည်စွာ ခရစ်နှစ် ၁၄၅၄ ခုနှစ်မှာ ဟိခရေ ဧရိယာအတိုင်း အင်္ဂလိပ်က ဗမာပါးက ယူလိုက်စွာပါ။
ယေကေလည်း အကို ဒုတိယ အင်္ဂလိပ်-ဗမာစစ်ပွဲ ၁၈၅၂ ခုအပြီး ၁၈၅၃ ခုနှစ်မှာ အင်္ဂလိပ်ရို့က အုပ်ချုပ်စွာ လွယ်ကူစီဖို့ အတွက် အဂု အခေါ် ပုသိမ် ခရိုင်ကို ဧရာဝတီတိုင်း အထဲသို့ ထည့်သွင်း အုပ်ချုပ်ခေ၇။ ယင်းကြောင့် ရခိုင်ပြည် ဧရိယာစွာ (၂၁၆၉၄) စတုရန်းမိုင်က ၁၈၉၄၅ သို့ ကျဆင်း လား ခပါေ၇။ ယင်းချင့် နောက်မှာ အိန္ဒိယ-ဗမာ ခွဲရေးတွဲရေး ပြသနာ ပေါ်လာပြီးကေ ၁၉၃၇ ခုနှစ်မှာ အင်္ဂလိပ် အက်ဥပဒေ အရ နတ်မြစ် အနောက်ဖက် ၃၇ မိုင်ရှည်လျားရေ အနောက်ဖက် ကမ်းရိုး တန်းကို အိန္ဒိယ အုပ်ချုပ်ေ၇း လက်ထဲသို့ သွင်းလိုက်တေ အတွက် ရခိုင် ကမ်းရိုးတန်း အရှည် ၄၈၀ မှ ၄၄၃ စတုရန်းမိုင်ရာ ကျန်ခပါေ၇။ အေးအကိုး ယင်းချင့်တောင် ဇာကဖို့လဲ ဗမာပြည် လွတ်လပ်ရေး ရပြီးနောက်ပိုင်း ငလိမ်ဂျာ ဗမာဒီမိုကေ၇စီခေတ် ၁၉၅၃ ခုနှစ်မှာ အဂုပလက်ဝမြို့နယ် လို့ခေါ်ရေ ရခိုင်ပြည် မြောက်ပေိုင်း တောင်တန်း ဒေသကို ချင်းပြည် နယ်ထဲသို့ ဆွဲထည့် ပိုက်လိုက် ခရေ။ ယင်းအတွက်နန့် အေနိရခိုင်ပြည် ဧရိယာစွာ ၁၄၂၀၀ စတုရန်းမိုင်ရာ ကျန်ခပါေ၇။ ကျွန်ဘ၀ ၏ အကျိုးရလဒ်တိ မလားယေ အကိုး။ ဇာတတ်နိုင်ဖို့လဲ။
ကျနော် စိတ်ရှည်လက်ရှည်ယှင်းပြလိုက်သည်။ သို့သော ထိုသူကား နိုင်ငံကြီး အိန္ဒိယမှာ မွီးဖွား လာသူဖြစ်လို့ ဆက်လို့ ဇာပြောရေလဲဆိုကေ ‘ ယင်းပိုင်ဆိုကေ ရခိုင်ပြည် ဧ၇ိယာစွာ အစကပင် စကေချေရာ။ ယင်းချင့်မှာ အဂုဆိုကေ တဖေ့ချေရာကျန်ဗျာယ်။ တကယ်လို့ လွတ်လပ်ရေး ရခကေ လည်း ကောင်းကောင်း ငယ်စွာမလား။ ကမ္ဘာမှာ ရပ်တည် နိုင်ဖို့ စွာကားမဟုတ်’ ထိုသို့ ပြောလာသောအခါ စိတ်တို တတ်တေ ရခိုင်သား သဘာဝက ကျနော့်ကို ဆန္ဒပြလာသည်။ သို့သော် ကျနော် ယင်းဆန္ဒပြချက်ကို အသာချေ မျိုချလိုက်ပြီး ရှင်းပြလိုသည်။
‘ ဟုတ်တေ အကိုး။ အငယ်ချေ ဆိုကေလည်း အငယ်ချေ လို့ရာမှတ်ပါ။ ယေကေလည်း ကျနော်တခု ဥပမာ ပြချင်စွာက ဂွါဟတီမြို့ကို အကိုပတ်ကြည့်လိုက်ကေ ကားစီးပြီး ဒင်္ဂါးကို ရီပိုင် သုံးနီရေ လူတိ အများကြီး အကို တွိလိမ့်မေ။ ယေကေလည်း ယင်းလူတိမှာ ဒင်္ဂါးကို ဘောက်သာအိပ်နန့် ထမ်းပြီး ရီပိုင်သုံး နီစွာရေ အကို့ အင်္ကျီအိပ် ချေမှာ ဂိုးဖလပ်စလိပ် သောက်ဖို့ ဒင်္ဂါးရူပီး သုံးပြားလောက် အကို့ အတွက် တန်ဖိုး ဟိပါလို့လား၊ အဲ ယင်းလောက်ဆိုကေ အကို သဘောပေါက် ဗျာယ်လို့ ကျနော် ထင်ရေ။ ယေဇုနန့် လူများ နိုင်ငံကြီးစွာရေ ကိုယ့်အိမ်မြီရာချေ တကွက်လောက် တန်ဖိုး မဟိနိုင်ပါ။ အပြီးကေ နောက်တခုက အေနိကမ္ဘာမှာ ရခိုင်ပြည် ဧရိယာထက်ငယ်ရေ နိုင်ငံပေါင်း (၃၀)ကျော် ရပ်တည်လျှက် ဟိရေဆိုစွာကို အကိုလေ့လာကြည့်ကေ သိနိုင်ပါေ၇။ ကျနော် ထိုသို့ ရှင်းပြ လိုက်သောအခါ ထိုသူသည် သဘောပေါက်လာ ဟန်ဟိပြီးကေ စကားတိကချိုသာစွာနန့် ဆက်မိန်း လာသည်။
အဆုံးပိုင်းကို စောင့်မျှော်၍ ဆက်လက် ဖက်ရှုကတ်ပါ။
Filed under: Arakan Article











