Articles Comments

Arakan Liberation Party » News & Info » ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် နှင့် အမည်မသိ လက်နက်ကိုင် တပ်တခုတို့ အကြား တနာရီ အကြာ တိုက်ပွဲဖြစ်

ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် နှင့် အမည်မသိ လက်နက်ကိုင် တပ်တခုတို့ အကြား တနာရီ အကြာ တိုက်ပွဲဖြစ်

ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် (Arakan Liberation Army) နှင့် ကုလားဆိုးဟု ယူဆရ သည့် အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့ တဖွဲ့တို့ ရခိုင်ပြည် စိုင်းတင်ချောင်း အဖျားပိုင်း ခမောင်းချောင်း (ဘင်္ဂလား-ရခိုင်ပြည် ကျော်လမ်း) တွင် ဇူလိုင် လ ၁၅ ရက်နိ မိုးသောက် ၇ နာရီ တွင် တိုက်ပွဲဖြစ်ပွား ခကြောင်းသိရှိပါသည်။

 တိုက်ပွဲဖြစ်ပွားပုံမှာ ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် အမှတ်(၉) တပ်ရင်းမှ ဗိုလ်ကြီး ခိုင်လင်း ဦးဆောင်သည့် စစ်ကြောင်း (၁)သည် ခမောင်းချောင်းတွင် ရှိနီစဉ် ဘင်္ဂလားဖက်မှ ကုလားဆိုးဟု ယူဆရသည့် အင်အား (၅၀) ခန့် လက်နက်ကိုင် အဖွဲ့တခုသည် လက်နက် အပြည့်အစုံဖြင့် ရခိုင်ပြည် ထဲသို့ ၀င်သည့် ကျော်လမ်း အတိုင်း လာရာ ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော်ဖက်မှ ကင်းသမားက စတင် ပစ်ခတ်သောကြောင့် တိုက်ပွဲဖြစ်ပွါး ရခြင်း ဖြစ်ကြောင်း စစ်ကြောင်းမှူး၏ သတင်း ပီးပို့ချက် အရ သိ၇ပါသည်။

“ ဇူလိုင်လ ၁၅ ရက်နိက တိုက်ပွဲဖြစ်ခစွာပါ။ ယင်းနိမိုးသောက်ဖက် ၇ နာရီ လောက်မှာ ကုလားဆိုး လို့ထင်ရရေ တပ်ဖွဲ့တဖွဲ့ လက်နက်အပြည်အစုံနန့် ဘင်္ဂလားက ရခိုင်ပြည် ကျော်လမ်း အတိုင်း တတ်လာစွာကို မြင်လို့ ကျနော်ရို့  ကင်းသမားက စတင် ပစ်ခတ်စွာ ဖြစ်ပါရေ။ တိုက်ပွဲ တနာရီ နီးပါးလောက်ကြာမှ သူရို့တိ ဘင်္ဂလားဖက်ကို ပြန်လို့ ဆုပ်လားခပါရေ“ ဟု စစ်ကြောင်းမှူး ဗိုလ်ကြီးခိုင်လင်းက ပြောခသည်။

 တိုက်ပွဲအတွင်း အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့မှ အထိအခိုက် အကျအဆုံး ရှိသည်ဟု ဒေသခံများ၏ ပြောပချက်အရ သိရှိရသည်ဟု စစ်ကြောင်းမှူး ခိုင်လင်းမှ ဆက်ပြော ခပါသည်။ ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှု တစုံတရာ မဟိဟု သိရှိရပါသည်။  

 ရခိုင်ပြည် လွတ်မြောက်ေ၇း တပ်မတော် အမှတ်(၉) တပ်ရင်းမှ စစ်ကြောင်း(၁)သည် အဆိုပါ ဒေသတွင် အမြဲတမ်း လှုပ်ရှားနီသည့် တပ်ဖွဲ့ တခုလည်း ဖြစ်သည်။  

 သတင်းနှင့် ပြန်ကြားရေး ဌာန ( ဆက်သွယ်ရန် – + 88 1840749047 )

ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ

ရခိုင်ပြည်

 

 

 

Written by

Filed under: News & Info

Leave a Reply

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>