Articles Comments

Arakan Liberation Party » News & Info » သဘော တူညီချက် ထဲတွင် လွတ်လပ်စွာ ခရီးလား လာခွင့် ပါဝင် သော်လည်း ALP အဖွဲ့ဝင်များ အစိုးရ၏ နှောက်ယှက် ခြင်းများနှင့် ကြုံရ

သဘော တူညီချက် ထဲတွင် လွတ်လပ်စွာ ခရီးလား လာခွင့် ပါဝင် သော်လည်း ALP အဖွဲ့ဝင်များ အစိုးရ၏ နှောက်ယှက် ခြင်းများနှင့် ကြုံရ

ရခိုင်ပြည် လွတ်မြောက်ရေး ပါတီမှ ဆီးမှူး (၂)ဦးသည် ပါတီဝင် ကတ်ပြားများ ကိုယ်စီ ကိုင် ဆောင်ကာ ပါတီခွင့်ပြုချက်ဖြင့် ရခိုင်ပြည် ထဲသို့ ခရီးလားရာ ရခိုင်ပြည် ပလက်ဝမြို့ အရောက် တွင်  ဗျူဟာမှူး စံလွင်မှ ဇူလိုင်လ ၇ ရက်နိတွင် တားဆီး နှောက်ယှက်ခြင်း ခံရ ကြောင်း သိရှိရ ပါသည်။

ပါတီ ဗဟိုဆီးခန်း တာဝန်ခံ ခိုင်သိန်းဝင်းနှင့် ဆီးမှူး ခိုင်ဆန်းလင်း တို့သည် ပါတီခွင့်ပြု ချက်ဖြင့် ရခိုင်ပြည်ထဲသို့ ခရီးလားရာတွင် ပလက်ဝမြို့နယ်မှ ဗျူဟာမှူး စံလွင့်က ရခိုင် ပြည်ထဲသို့ ခရီးဆက် လက်လားလာခွင့်မပြုစီပဲ ပလက်ဝမြို့ အရောက်တွင် ဟန့်တား ထားခြင်း ဖြစ်သည်။ ထိုကဲ့သို့ ဗျူဟာမှူးမှ နှောက်ယှက်ဟန့်တားထားမှုကို အဆိုပါ ဆီးမှူးနှစ်ဦးမှ ပါတီသို့ အကြောင်း ကြားခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီ ၀င်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ရခိုင်ပြည်နယ် နယ်စပ် ရေးရာဝန်ကြီးနှင့် အခြားအစိုးရ ပိုင်းမှ တာဝန် ဟိသူများထံသို့ စာရေးအကြောင်းကြားမှ အဆိုပါ ရခိုင်ပြည်လွတ်မြောက် ရေးပါတီမှ ဆီးမှူး ခိုင်သိန်းဝင်းနှင့် ခိုင်ဆန်းလင်းရို့ကို ပြန်လည် ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

ရခိုင်ပြည် လွတ်မြောက်ရေး ပါတီနှင့် မြန်မာအစိုးရရို့သည် လွန်ခသည့် ဧပြီလ (၅)ရက်နိတွင် ပြည်နယ်အဆင့် အချက် (၅)ချက် သဘောတူညီ လက်မှတ် ရီးထိုးမှုတွင် အချက်တခု အဖြစ် ပါဝင်သည့် ‘ရခိုင်ပြည် လွတ်မြောက်ရေး ပါတီမှ ပါတီဝင်သည် လက်နက်မပါပဲ လွတ်လပ်စွာ ခရီးလားလာခွင့်ရှိသည်’ ဆိုသည့် အချက်ပါဝင်သော်လည်း တကယ် လက်တွိတွင် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီဝင်များ ရခိုင်ပြည်တွင်း ခရီးလားလာရာတွင် နှောင့်ယှက်ဟန်တားမှု ၊ စောင့်ကြည့်မှုများနှင့် အမြဲရင်ဆိုင်နီရကြောင်း ဆက်လက် သိဟိ၇ပါသည်။

သတင်းနှင့်ပြန်ကြားရေးဌာန          

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)          

ရခိုင်ပြည်                

 

 

 

 

 

 

Written by

Filed under: News & Info

Leave a Reply

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>