Articles Comments

Arakan Liberation Party » News & Info

နေပူတောင်ကိစ္စအား ပြည်နယ်အစိုးရမှ ရှင်းလင်း၊ အများပြည်သူသိလိုသော အချက်များ ပါဝင်မှုအလွန်အားနည်း

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်ရှိ နေပူတောင်အား ပြည်ထောင်စုအစိုးရ၊ သတ္တုတွင်းဝန်ကြီးဌာနမှ အကျိုးတူစာချုပ် ချုပ်ဆိုလျက် အလှဆင်မာဘယ်လ်ကျောက်များ ထုတ်လုပ်ရန် ဗီယက်နမ်နိုင်ငံ Myanmar SIMCO Song Da Limited Joint Stock Company (MYSICO) ကုမ္ပဏီသို့ (၂၅)နှစ်တာကာလ ငှားရမ်းထားခြင်းကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းပွဲ တစ်ရပ်ကို မတ်လ (၂၆)ရက်နေ့က တောင်ကုတ်မြို့ (မယက)ရုံးတွင် မွန်းလွဲ (၂း၃၀)နာရီမှ ညနေ (၄း၃၀)နာရီအထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။ နေပူတောင်ကို ဗီယက်နမ်နိုင်ငံ MYSICO ကုမ္ပဏီသို့ ငှားရမ်းထားခြင်းနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှု မရှိသဖြင့် ဒေသခံရခိုင်တိုင်းရင်းသားများ မကျေမနပ် ဖြစ်နေခြင်းအပေါ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေး ၀န်ကြီး ဒေါက်တာ အောင်ကျော်မင်း၊ သစ်တောနှင့် သတ္တုဌာန၀န်ကြီး ဦးအောင်သန်းတင်တို့က လာရောက်ရှင်းလင်းခဲ့သော်လည်း အများပြည်သူသိလိုသော အချက်အလက်များပါဝင်မှု အလွန်အားနည်းသလို၊ မေးမြန်း ချက်များကိုလည်းပြည့်စုံစွာ ဖြေကြားနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။ “ သူတို့ရှင်းပြတာမှာ လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၁၈.၁၇)သန်းကုန်မယ်။ လုပ်ကိုင်တဲ့အခါ နိုင်ငံခြားလုပ်သား (၅၆)ယောက် ပါမယ်။ ပြည်တွင်း ဒေသခံအလုပ်သမား(၂၄၀)ကို ခန့်ထားပေးမယ်။ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရနဲ့ ဒေသခံ ပြည်သူလူထု အချိုးတူခံစားခွင့်ရှိမယ် ဆိုတာလောက်ပဲ တွေ့ရတယ်။ ပြည်သူတွေသိချင်တဲ့ SIA၊ EIA ကိစ္စ ဘာမှပြောမသွားဘူး။ ဒေသဖွံ့ဖြိုးရေး အစီအစဉ်ကိုလည်း မချပြဘူး။ ဒေသခံတွေက ကုန်ချောကို ဒီဒေသမှာ ထုတ်ဖို့ပြောကြတယ်။ ၀န်ကြီးတွေကတော့ အထက်ကို တင်ပြပေးမယ်ပဲပြောတယ်။ ” ဟု ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သူ တောင်ကုတ် လူမှုကွန်ယက်မှ ဦးစိုးဝင်းက ပြောသည်။ ပြည်နယ်အစိုးရအဖွဲ့မှ ပြည်သူလူထုသို့ ရှင်းပြသည်ဟု ဆိုသော်လည်း ရှင်းလင်းပွဲသို့ တက်ရောက်ရန် ဒေသခံ အနည်းငယ်ကိုသာ ဖိတ်ကြားပြီး အသိပေးရုံသာ အနေအထားမျိုးသာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ တကယ်တမ်း ရှင်းလင်းပွဲလုပ်မယ်ဆိုရင် ခိုင်မာတဲ့ အချက်အလက်တွေပါတဲ့ … Read entire article »

Filed under: News & Info

ဓါးခုတ်ခံရ၍ ပေါက်တောက လယ်သမား လက်တစ်ဘက် ဖြတ်ခံရသည့် အပြင် အချုပ်ခန်းထဲရောက်

ရခိုင်ပြည်နယ် ပေါက်တောရဲတပ်ဖွဲ့က ဓါးခုတ်ခံရပြီး လက်ပါ ဖြတ်ပစ်ခဲ့ရသော လယ်သမား တစ်ဦးနှင့် တစ်ခြား ၅ ဦးတို့ကို ဖမ်းဆီး ချုပ်နှောင်ထားပြီး ဓါးဖြင့် ခုတ်သူများကိုမူ တစ်စုံတစ်ရာ အရေးယူခြင်း မရှိကြောင်း သတင်း ရရှိသည်။ဓါးခုတ်ခံရသူများကိုသာ ရဲအဖွဲ့က ဖမ်းဆီးပြီး ဓါးဖြင့် ခုတ်သူများကို အရေးမယူခြင်းမှာ ၎င်းဓါးခုတ်သူများမှာ ယခင် စစ်ထောက်လှမ်းရေးများ၏ ဒေါက်တိုင်များ ဖြစ်သလို လက်ရှိ မြို့နယ် အဆင့် တာဝန်ရှိသူများနှင့် ပေါက်တောရဲတပ်ဖွဲ့အား ငွေများ ပေးကမ်းနိုင်၍ ဖြစ်ကြောင်း ပေါက်တောမြို့ပေါ်မှ အမည်မဖေါ်လိုသူ လူကြီး တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။ “ သူတို့က လက်ခံ မရတဲ့ အပြင် ဒဏ်ရာရတဲ့ သူတွေကို ဆေးရုံမှာ အတွင်း လူနာ အဖြစ် ဆေးကုသခွင့် မရဘူး။ တစ်ယောက်က ညာဘက် လက် ဖြတ်ပစ်ရတယ်။ တစ်ယောက်ကလည်း လက်မှာ ဒဏ်ရာ လေးငါးချက် ရထားပါတယ်။ ဓါးနဲ့ ခုတ်တဲ့ အဖွဲ့က ဒေသအတွင်းက ခရိုနီတွေဆိုတော့ ရဲရော၊ ဆရာဝန်တွေရော အကုန်လုံး ပေးကမ်းထားနိုင်တယ်။ ဒါကြောင့် သူတို့က ဘာမှ အရေးယူ မခံရဘူး။ ကျနော်တို့ ဒေသမှာ အခုအချိန်ထိ တရား ဥပဒေစိုးမိုးမူ လုံးဝ မရှိဘူး ဆိုတာကို ဒီပြဿနာက မီးမောင်းထိုး ပြနေပါတယ်” ဟု သူက ဆိုသည်။ အချုပ်ထဲတွင် သူတို့ (၆) ဦးထဲတွင် ဦးချောင်းနားအောင်မှာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်ပြီး ညာဖက် လက်မောင်း ဖြစ်ပစ်ရသူမှာ ဦးသိန်းအောင်ကျော် ဖြစ်သည်။ တစ်ခြား ဒဏ်ရာရသူ တစ်ဦးမှာ ဦးမောင်ညွှန့်စိန် ဖြစ်ကြောင်း သိရသည်။ ဓါးခုတ်မူသည် လွန်ခဲ့သော ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ ညနေ ၁၀ နာရီခန့်တွင် ဖြစ်ပွားခဲ့သည်။ ဓါးခုတ်မူ ဖြစ်ပွားခဲ့ခြင်းနှင့် … Read entire article »

Filed under: News & Info

တောင်ကုတ် ဆန္ဒဖော်ထုတ်ပွဲ ယနေ့စနေပြီ

ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီများအား ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေနှင့်အညီ စီစစ်ခြင်းမရှိပါဘဲ၊ လုံးချင်းနေအိမ်များ ဆောက်လုပ်ပေးရန် စီစဉ်ခြင်းကို ကန့်ကွက်သည့်အနေဖြင့် တောင်ကုတ်မြို့နယ် လူမှုကွန်ယက်မှ ဦးဆောင်၍ ဆန္ဒဖော်ထုတ်ပွဲတစ်ရပ်ကို စတင်ရန်ပြင်ဆင်နေပြီဟု သိရသည်။ " ကျနော်တ နာရီဝက်အတွင်း စထွက်တော့မှာ။ အခု ဖောင်တော်ဦးဘုရားမှာလူစုနေတယ်။ အားလုံး ခုနစ်ဆယ်ကျော် လောက်ရှိနေပြီဗျ။ ခွင့်ပြုချက်မဲ့ လုပ်ပေမယ့် ပွင့်ပွင့်လင်းလင်းဟန့်တားနှောင့်ယှက် တာမျိုးမရှိ သေးဘူးခင်ဗျ။ " ဟု တောင်ကုတ် လူမှုကွန်ယက်မှ ကိုဇေယျကျော်က ပြောသည်။ ဆန္ဒဖော်ထုတ်ပွဲ တောင်းဆိုသည့်အချက်များမှာ (၁) ဒေသခံတိုင်းရင်းသားများ၏ ဆန္ဒကိုလေးစားရန်၊ (၂) ဒေသခံတိုင်းရင်း သားများ၏ သဘောထားမပါဘဲ ဒေသအရေးကိုမဆုံးဖြတ်ရန်၊ (၃) နိုင်ငံသား မဟုတ်သူများကို နိုင်ငံသားအခွင့်အရေး မပေးရန်၊ (၄) ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေကိုအမြန်ဆုံး (အမြန်ဆုံး) အကောင်အထည် ဖော်ပေးရန်၊ (၅) တရားမ၀င် နေထိုင်သူများအား ဥပဒေကြောင်းအရ အမြန်ဆုံး အရေးယူပေးရန်၊ (၆) ဘင်္ဂလီအရေး ကိုင်တွယ်မှု ပွင့်လင်းမြင်သာမှုရှိစေရန် ဟူသောအချက် ခြောက်ချက် ပါဝင်ကြောင်းသိရသည်။ ခွင့်ပြုချက်ရရှိရန် မြို့နယ်နှင့် ပြည်နယ်သို့ တင်ပြတောင်းခံခဲ့သော်လည်း ပလပ်ခံခဲ့ရကြောင်း ကိုဇေယျကျော်က ဆိုပါသည်။ ဤကိစ္စနှင့် ပတ်သက်၍ ကိုဇေယျကျော်က " ဥပဒေနဲ့မညီလို့ အရေးယူမယ်ဆိုလည်း ဥပဒေကြောင်းအရ ရင်ဆိုင်သွားဖို့ပဲရှိတယ်။ ပြည်သူအတွက် ဆောင်ရွက်တာပဲလေ။ " ဟု ပြောသည်။ ရခိုင်ပြည်နယ်တွင် မတ်လ (၇) ရက်နေ့မှစ၍ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်မြို့နယ်များ၌ ဆန္ဒဖော်ထုတ်ပွဲများ ကျင်းပရာခဲ့တွင် ဥပဒေနှင့်အညီ သက်ဆိုင်ရာ အာဏာပိုင်များ၏ ခွင့်ပြုချက်အရပြုလုပ်ခြင်း မဟုတ်၍ မတ်လ (၇)ရက်နေ့ ညနေ၌ စစ်တွေ ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သူ ဦးကျော်ဇောဦးနှင့် ဒေါ်ညိုအေးတို့ နှစ်ဦးအား လည်းကောင်း၊ ကျောက်တော် ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သူများဖြစ်ကြသည့် ဦးမောင်သိန်းလှိုင်၊ ဦးမောင်ဝင်း၊ ဒေါ်လှမေနှင့် ဒေါ်တင်တင်အေးတို့ … Read entire article »

Filed under: News & Info

ဒဿမအကြိမ်မြောက် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော် (ရန်ကုန်) အား နေရာပြောင်း၍ ပြုလုပ်သွားမည်

၂ဝ၁၃ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ဒဿမအကြိမ်မြောက် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော် (ရန်ကုန်) အား နေရာပြောင်း၍ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရခိုင်ရိုးရာ သင်္ကြန်ပွဲတော် (ရန်ကုန်)ကျင်းပရေးကော်မတီမှ ဥက္ကဌဦးစံလှမောင် ပြောကြားချက်အရ သိရသည်။ ယခင်နှစ်များတွင် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်အား ရန်ကုန်မြို့ သိမ်ဖြူကွင်းတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင်မူ ကျင်းပခွင့်မပြုတော့သောကြောင့် သုဝဏ္ဏကွင်း သို့မဟုတ် ကျိုက္ကဆံကွင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ၂ဝ၁၃ ခုနှစ် ရခိုင်ရိုးရာသင်္ကြန်ပွဲတော် (ရန်ကုန်) တွင် ရခိုင်ရိုးရာ နံသာသွေးပွဲကို ဧပြီလ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကျနေ့တွင်မူ ဘုရားရေသပ္ပာယ်ပွဲနှင့် သင်္ကြန်ပွဲတော်ဖွင့်ပွဲ၊ ဧပြီလ ၁၄ နေ့မှ ၁၆ ရက်နေ့အထိတွင်မူ သင်္ကြန်ရေလောင်းပွဲတော်ကို ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ''သုဝဏ္ဏကွင်းနဲ့ ကျိုက္ကဆံကွင်း ဘယ်ကွင်းမှာလုပ်မယ်ဆိုတာ မဆုံးဖြတ်ရသေးပါဘူး။ သုဝဏ္ဏကွင်းက နေရာအဆင်ပြေလို့ ပြုလုပ်ဖို့ စီစဉ်ထားပေမယ့် ရေအခက်အခဲရှိနိုင်တော့ ဘယ်မှာလုပ်ဖြစ်မယ် မသေချာဘူး'' ဟု ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကျင်းပရေး ကော်မတီမှ ဥက္ကဌဦးစံလှမောင်က ပြောသည်။ ရခိုင်ရိုးရာသင်္ကြန်ပွဲတော် (ရန်ကုန်) ၂ဝဝ၄ ခုနှစ်မှစတင်ကာ နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရခိုင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများအား သိရှိစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။ ယခုနှစ် ရခိုင်သင်္ကြန်အား ယခင်နှစ်ကဲ့သို့ပင် ဝင်ကြေး ၅ဝဝ ကောက်ခံသွားမည်ဖြစ်ပြီး ရခိုင်ရိုးရာ အစားအစာများကိုလည်း ထည့်သွင်းရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ eleven   … Read entire article »

Filed under: News & Info

အနောက်တံခါးသာ ကျိုးပေါက်သွားလျှင် ရွှေတိဂုံသည် ပြတိုက်ဖြစ်သွားနိုင်တယ်ဟု ဦးဇော်အေးမောင် ပြောကြား

ရခိုင်ပြည်နယ်မှာရှိသည့် အနောက်ဘက် တံခါးသာကျိုးပေါက် သွားမည်ဆို လျှင် ရွှေတိဂုံဘုရားသည် ပြတိုက်ဖြစ်သွားနိုင်သည်ဟု ရခိုင် တိုင်းရင်း သားရေး ရာဝန်ကြီး ဦးဇော်အေးမောင်က ရန်ကုန်မြို့ MICT Park တွင် ကျင်းပပြုလုပ်သော Seminer တွင် ပြောကြားသည်။ “လူဦးရေ အရမ်းများနေတဲ့ နိုင်ငံတွေကြားမှာ အနောက်ဖက်တံခါး ကို နိုင်ငံကို ချစ်တဲ့စိတ်၊ တိုင်းပြည်ကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ကာကွယ်ခဲ့တာ။ အရင်တုန်းက ကိုလိုနီတွေကသေနတ်ကိုင်ပြီး နယ်ချဲ့တာ။ အခု ၂၁ ရာစု နယ်ချဲ့နည်းက သိပ်ကြောက်စရာကောင်းတယ်” ဟု ယင်းက ဆက်လက်ပြောကြားသည်။ မြန်မာနိုင်ငံတွင် ဘင်္ဂါလီလူမျိုးသာ ရှိပြီး ရိုဟင်ဂျာလူမျိုးဟူ၍မရှိကြောင်း၊ ရခိုင်တွင် မကြာသေးမှီကာလ က ဖြစ်သွားခဲ့သောရုပ်ပုံလွှာများ သည် ရုပ်ပုံမှားများဖြစ်သည်ကို ကမ္ဘာကသိအောင် ရှင်းပြရန် လိုအပ်ကြောင်း၊ မြန်မာပြည်သည် နယ်ချဲ့လိုသူတို့၏ ဝင်ပေါက်တစ်ခုဖြစ်နေပြီး လူမှုရေးဖြင့် လွှမ်းမိုးခြင်းခံနေရကြောင်းဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ကန်ဒတက္ကသိုလ်မှ နိုင်ငံတကာလေ့လာရေး သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာအေးချမ်းက ပြောကြားသည်။ “ရခိုင်တွေ ဘင်္ဂါလားဘက်ကို မြန်မာဘက်ကနေ ပြေးတဲ့အခါဒီလူတွေ ဘယ်ကလူတွေလဲလို့ မေးတဲ့အခါ စကားမပီဘဲ ရရွှန်း၊ ရဟွန်းဟု ခေါ်လေ့ရှိတယ်။ ဒါဟာ ရခိုင်ပြည်မှ ပြေးလာတဲ့ ရခိုင်တွေလို့ ပြောတာဖြစ်ပြီး ဂျာဆိုတာက သူတို့ဆီမှာ မြို့တော်ကိုပြောတာဖြစ်တယ်။ နောက်ပိုင်း ရဟွန်းဂျာဟု ပြောရာကနေ ရိုဟင်ဂျာဖြစ်လာတာ။ အရင်တုန်းက ဘင်္ဂလားမှာ ရခိုင်တွေကိုခေါ်ခဲ့တဲ့ ရဟွန်းဂျာဆိုတဲ့ အမည်ကို ပြန်လုဖို့ ကြိုးစားနေတာ။ သူတို့ပြောနေတဲ့ ရိုဟင်ဂျာဆိုတာ မလိမ့်တပတ် လုပ်ထားခြင်း သာ ဖြစ်တယ်” ဟု ယင်းက ဆက်လက်ပြောကြားသည်။အမေရိကန်တောင်ပိုင်းရှိ ကယ်လီဖိုးနီးယား၊ အရီဇိုးနား၊ တက္ကဆက်၊ နယူးမက္ကဆီကို၊ ဖလော်ရီဒါ စသည့်ပြည်နယ် များတွင် မက္ကဆီကန် လူမျိုးများ ခိုဝင်နေထိုင်ကြသော်လည်း အမေရိကန်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ချမှတ်ထားသည့် ဥပဒေ၊ နိုင်ငံသားဖြစ်ခွင့် စသည်တို့နှင့် အကျုံးမဝင်သည့်အတွက် ယနေ့အချိန်ထိ နိုင်ငံသားဖြစ်ခွင့်မရကြကြောင်း၊ … Read entire article »

Filed under: News & Info

ပုဏ္ဏားကျွန်းမြို့ အထက ကျောင်းမီးလောင်းကျွမ်းမှု ဖြစ်ပွား

၁၆.၃.၂၀၁၃ ရက် နံနက် ၂း၃၀ နာရီ ပတ်ဝန်ကျင်လောက်မှ စတင်ပြီး ပုဏ္ဏားကျွန်းမြို့ အထက ကျောင်းကို မီးလောင်...းမှုဖြစ်ပွားခဲ့ပြီး စာသင်ခန်း (၂)ခန်း မီးထဲကို ပါသွားပြီး မီးငြိမ်းသတ်ရန်အတွက် အခန်း (၁)ခန်း စုစုပေါင်း စာသင်ခန်း (၃)ခန်း မီးထဲကို ပါသွားပါသည်။  ယခုအချိန်သည် တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) ကျောင်းသား/သူများ စာမေးပွဲ စစ်ဆေးနေသော အချိန်အခါလည်း ဖြစ်ပြီး ယခုဆိုလျှင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ (၃)ဘာသာကိုသာ စစ်ဆေးပြီးဖြစ်ပါသည်။ မီးလောင်းခဲ့ပုံကို အနီအနားမှ လူတစ်ဦးမှ “မီးက ဘယ်လို လောင်းတယ်ဆိုတာ ဘယ်လိုမှ စဉ်စားလို့မရဘူးဗျာ။ အဲဒီ အခမ်းမှာ လူလည်း မနေဘဲ။ မီးထွန်းထားတာလည်း မရှိဘူး။ စာမေးပွဲရာသီးဆိုတော့ ကျောင်းမှာ ကြီးကြပ်ရေးဆရာတွေရယ်၊ အစောင့်ရဲ တွေပဲရှိတာပါ။ ဒါပေမယ် အဲဒီဖက် အခြမ်းက သွားလာတာနည်းတဲ့အပိုင်းပါ။ ဒါပေမယ် ကျောင်းသား/ကျောင်းသူတွေ စာမေးပွဲရာသီဆိုတော့ ဘယ်လို့ဆက်လုပ်မလဲ မသိဘူး”ဟု ပြောပြသွားပါတယ်။ မီးဘယ်က စလောင်းရသည်ကို မည်သူမျှ မသိရှိဘဲဖြစ်နေရပြီး ကျောင်းကြီးကြပ်ရေးကို စုံစမ်း မေးမြန်ခဲ့သော်လည်း မည်သို့မှ မဖြေကြားခဲ့ပါ။ စာမေးပွဲ ဖြေဆိုနေသော ကျောင်းသား/သူများသည် တနင်္လာနေ့တွင် ဆက်လက် စာမေးပွဲ ဖြေကြားရမည်ဖြစ်သော်လည်း ဘယ်လို စီစဉ်ပေးမယ် ဆိုတာကိုတော့ မသိရှိရသေးဘဲ။ ပုဏ္ဏားကျွန်းမြို့ အထက ကျောင်းသည် ယခင်း က ယခုလိုမျိုး မီးလောင်းမှု တကြိမ်းတခါမှ မရှိခဲ့ဘဲ ကျောင်းသက် နှစ်ပေါင်း (၆၀) ကျော် အတွင်း ဆရာဝန် ပေါင်းမြောက်မြားစွာနှင့် ပညာတတ် ပေါင်းမြောက်မြားစွာ မြန်မာနိုင်ငံ လူ့အရင်း အမြစ် အတွက် မွေးထုတ်ပေးနေသော ရခိုင်ပြည်သူများ အားကိုးအားထားပြုရသော ကျောင်း တော်ကြီး လည်း ဖြစ်ပါသည်။ မီးလောင်းမှုကို သက်ဆိုင်ရာ စုံစမ်းစစ်ဆေးလျှက်ရှိပြီး မီးလောင်းမှု ဖြစ်ပွား ရမှုကို … Read entire article »

Filed under: News & Info

အမျိုးသားရေးဆိုင်ရာ ဆုတဆု ပေးအပ်ရန် ရခိုင်စာရေးဆရာများဆွေးနွေး

၁၃.၃.၂၀၁၃ ရက် နေ့လည် (၁)နာရီမှ ညနေ (၄)နာရီထိ ၊ ရခိုင်သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းအား ရခိုင်အမျိုးသားဆိုင်ရာ ဆုတစ်ဆု ပေးအပ်နိုင်ရန်အတွက် ဆွေးနွေးပွဲ တစ်ရပ်ကို စစ်တွေမြို့ ၀ံလက်ဖောင်ဒေးရှင်း ရုံးခန်းတွင် ၀ံလက်ဖောင်ဒေးရှင်းမှ ကမကထ လုပ်ပြီး ရခိုင်ပြည်နယ်ရှိ လက်ရှိ အမျိုးသား စာရေးဆရာများကို ဖိတ်ကြားခဲ့ပြီး (more...)Read entire article »

Filed under: News & Info

ကျွဲခြေရာ ခွပ်ထဲက ဖားသူငယ်လေး ဌေးလွင်ဦး

ယနေ့ မတ်လ ၉ ရက်နေ့ နေ့လည် ၁၂ နာရီတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရခိုင်သမိုင်းဆိုင်ရာ ရှင်းလင်းပွဲကို စတင် ကျင်းပနေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။ ဘန်ကောက်ရှိ နိုင်ငံခြား သံရုံး ၁၇ ခု၊ တက္ကသိုလ် ၁၀ ခုနဲ့ နယ်စပ် ဒေသရှိ တိုင်းရင်းသား ခေါင်းဆောင်များ ၊ ပြည်တွင်းမှ Eleven မီဒီယာ အုပ်စု အပါအ၀င် မြန်မာသတင်းနဲ့ နိုင်ငံတကာ မီဒီယာများကိုလည်း ဖိတ်ကြား ထားသည်ဟု ဆိုသည်။ သမိုင်းဆိုင်ရာ ရှင်းလင်းပွဲသို့ ဂျပန်နိုင်ငံ တိုကျိုမြို့ ကန်တ တက္ကသိုလ်မှ နိုင်ငံတကာ လေ့လာရေးဌာနမှ သမိုင်း ပါမောက္ခ ဒေါက်အေးချမ်း၊ ပြင်သစ်နိုင်ငံ အာရှနှင့် အရှေ့တောင် အာရှ သမိုင်းပညာရှင် – မြန်မာ သမိုင်း ကို နှစ်ပေါင်း ၂၀ လေ့လာထားသော Dr.JacquesP.Leider နှင့် နယ်သာလန်နိုင်ငံက သမိုင်းပညာရှင် Dr. Stephan Van Galen တို့ တက်ရောက် ဟောပြောနေကြောင်း သိရသည်။ သမိုင်းဆိုင်ရာ ရှင်းလင်းပွဲသို့ လူပေါင်း ၂၀၀ ကျော် တက်ရောက်နေကြောင်း သိရသည်။ ရခိုင်သမိုင်းဆိုင်ရာ ရှင်းလင်းပွဲမှ ထွက်ပေါ်လာသော သမိုင်းဆိုင်ရာ အချက်အလက်များ၊ ပညာရှင်များ၏ ခိုင်လုံသော ပြောဆိုချက် အကိုးအကားများကို အင်္ဂလိပ်၊ ထိုင်း၊ မြန်မာ ဘာသာများနှင့် စာအုပ် စာတန်းများ ထုတ်ဝေသွားမည် ဖြစ်ပြီး နိုင်ငံတကာ တက္ကသိုလ်များ၊ စာကြည့်တိုက်များ၊ နိုင်ငံတကာ သံရုံးများ၊ မီဒီယာများ ကို ဖြန့်ဝေသွားမည်ဟု ဆိုသည်။ “ပြည်ပ အခြေစိုက် မြန်မာ မီဒီယာတွေ အပြင် နိုင်ငံခြား မီဒီယာတွေ တွေဟာ ကျွန်တော် အင်္ဂလိပ်ခေတ်၊ မြန်မာ အစိုးရ ခေတ် အဆက်ဆက်မှာ တစ်ခါမှ သမိုင်းအဆက်ဆက်မှာ … Read entire article »

Filed under: News & Info

တူရကီနိုင်င်ငံမှ ကုလားများအတွက် လုံးချင်းနေအိမ်များ ဆောက်လုပ်ရေးကို ကန့် ကွက် ဆန္ဒပြ

 ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီ ဒုက္ခသည်များအတွက် တူရကီနိုင်ငံမှ လုံးချင်းနေအိမ်များ ဆောက်လုပ်ပေးမည့် အစီအစဉ်နှင့် ပတ်သက်ပြီး စစ်တွေမြို့တွင် မတ်လ ၇ရက်နေ့၌ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဆန္ဒထုတ်ဖော်ရာတွင် ဒေသခံများ၊ ရဟန်းသံဃာများနှင့် လူမှုရေးအဖွဲ့အစည်းများမှ အင်းအား ၃၀၀၀ ကျော်ခန့်သည် မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်မှစ၍ စစ်တွေမြို့ ဘုရားကြီး ၀င်္ကပါဝင်းမှ စတကင်ာ လမ်းမကြီးတစ်လျောက် မြို့တစ်ပတ်ပတ်ပြီး ၀င်္ကပါဝင်း၌ မွန်းလွဲ ၃ နာရီခန့်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။ ဆန္ဒထုတ်ဖော်ရာတွင် အချက် (၆) ချက် တောင်းဆိုခဲ့ကြပြီး (၁)ဒေသခံတိုင်းရင်းသားများ၏ ဆန္ဒကိုလေးစားပါ။(၂)ဒေသခံ တိုင်းရင်းသားများ ၏ သေဘာထားမပါဘဲ ဒေသအေရးကို မဆုံးဖြတ်ပါနှင့်၊(၃)နိုငင်ံသားမဟုတ်သူများ ကို နိုငင်ံသား အခွင့်အေရး မေပးပါနှင့်၊(၄)၁၉၈၂ နိုငင်ံသားဖြစ်မှုဥပေဒကို အမြန်ဆုံး(အမြန်ဆုံး) အေကာအင်ထည်ဖော်ပေးပါ။ (၅)တရားမ၀င်နေထိုသင်ူများအား ဥပေဒေကြာင်းအရ အမြန်ဆုံး အေရးယူပေးပါ။(၆)ဘင်္ဂလီအေရး ကိုတင်ွယ်မှု ပွင့်လင်းမြသင်ာမှုရှိပါစေတို့ ပါဝင်ကြောင်း သိရသည်။ ထို့ပြင် မတ်လ ၇ရက်နေ့ က ကျောက်တော်မြို့နှင့် မြောက်ဦးမြို့များတွလင်ည်း အအင်ား ၁၀၀၀ ကျော်ခန့်စီဖြင့် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ တူရကီနိုငင်ံမှ ဘင်္ဂါလီ ဒုက္ခသည်များအတွက် စစ်တွေ၊မြောက်ဦး၊မင်းပြား၊ပေါက်တော၊ ကျောက်တော်၊မြေပုံ မြို့နယ်များတွင် လုံးချင်းအိမ် ၄၀၀၀ ကျော် ဆောက်လုပ်ပေးမည်ဖြစ်သဖြင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ WEEKLY ELEVEN မှကူးယူဖော်ပြသည်။   … Read entire article »

Filed under: News & Info

တူရကီနိုင်ငံမှ လုံးချင်းနေအိမ်များ ဆောက်လုပ် ပေးခြင်းကို တရားဝင် ကန့်ကွက်မည့် ဆန္ဒဖော်ထုတ်ရေး သက်ဆိုင်ရာမှ ပယ်ချ

ရခိုင်ပြည်နယ် အတွင်းရှိ ဘဂါင်္လီဒုက္ခသည်များအတွက် သီးသန့် တူရကီနိုင်ငံမှ လုံးချင်းနေအိမ်များ ဆောက်လုပ်ပေးရန် စီစဉ်လျက်ရှိရာ ထိုကိစ္စအား တရားဝင် ကန့်ကွက်ရန် စစ်တွေမြို့သူ မြို့သားများမှ ဆန္ဒဖော်ထုတ်ခွင့် လျှောက်ထားခဲ့ရာ သက်ဆိုင်ရာမှ ပယ်ချလိုက်ကြောင်း သိရသည်။ ထိုသို့ နေအိမ်များ အခိုင်အမာ ဆောက်ပေးခြင်းသည် မြေယာပိုင်ဆိုင်မှုနှင့် ဆက်စပ်နေသဖြင့် ၈၂ ဥပဒေအရ စိစစ်ပြီးမှသာ ထိုကိစ္စကို စဉ်းစားသင့်ကြောင်းလည်း စစ်တွေမြို့မိမြို့ဖများမှ ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ဝန်ကြီးချုပ်သို့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တရားဝင် တင်ပြထားကြောင်း သိရသည်။ ထိုစာတွင် ဗုဒ္ဓဘာသာဝင်များ အမြင်အရ ဘင်္ဂါလီများအား လွင်တီးခေါင်ပါးတွင် ပစ်ထားရမည်ဟု မဆိုလိုကြောင်း၊ နိုင်ငံသား စိစစ်ရေးကိစ္စ ပြီးစီးသွားပါက နိုင်ငံတော်မှ သတ်မှတ်သည့် နေရာတွင် နိုင်ငံတော်မှ ကြီးကြပ်မှုဖြင့် ဆောက်လုပ်ပေးသင့်ကြောင်း၊ နိုင်ငံခြားအဖွဲ့အစည်းများမှ တိုက်ရိုက်ဆောက်လုပ်ခွင့်ကို မပြုဘဲ နိုင်ငံတော်အစိုးရမှတဆင့် ညီမျှစွာ ဆောက်လုပ်ပေးစေ လိုကြောင်းများလည်း ပါရှိကြောင်း သိရသည်။ အလားတူ ထိုသို့အိမ်ဆောက်မည့် ကိစ္စများကို ဒေသခံ လူမှုအဖွဲ့အစည်းများနှင့် မြို့သူမြို့သားများ အားလုံး၏ သဘောတူညီချက်ဖြင့် ကန့်ကွက်ဆန္ဒ ထုတ်ဖော်ရန် လျောက်ထားခြင်း ဖြစ်သော်လည်း သက်ဆိုင်ရာဌာနမှ ပယ်ချလိုက်သည့်အတွက် ပြန်လည်အယူခံဝင်ကာ ပြည်နယ်ရဲတပ်ဖွဲ့မှူးထံသို့ လျှောက်ထားလျက်ရှိကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်ပြီး ဦးဆောင်သူများအဖြစ် ယာယီတာဝန်ယူထားသော အဖွဲ့အား သက်ဆိုင်ရာ ဌာနများမှ ခေါ်ယူမေးမြန်းခြင်းများ ပြုလုပ်လျက်ရှိပြီး ခွင့်ပြုချက်ပေးနိုင် မပေးနိုင်များကို သက်ဆိုင်ရာ အဆင့်ဆင့်သို့ တင်ပြလျက်ရှိကြောင်း သိရသည်။ လတ်တလော အခြေအနေအရ ညမထွက်ရအမိန့် ထုတ်ပြန်ထားသော်လည်း ဆန္ဒထုတ်ဖော်မည့် ကိစ္စကို ခွင့်ပြုမပြုနှင့် ပတ်သက်ပြီး အသေအချာ မသိရသေးကြောင်းလည်း ယာယီအဖွဲ့ခေါင်းဆောင် တစ်ဦးမှ ပြောပါသည်။ တစ်ဆက်တည်းမှာပင် မြို့မိမြို့ဖအချို့နှင့် တိုးတက်ရေးပါတီမှ ပါတီဝင်တစ်ချို့အားလည်း ဆန္ဒထုတ်ဖော်မည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ခေါ်ယူကာ ဆွေးနွေးတိုင်ပင်မှုများ ရှိခဲ့ကြောင်း သိရသည်။ ယင်းသို့ ခေါ်ယူဆွေးခံခဲ့ရသူ တစ်ဦးက “သူတို့အမြင်ကို တင်ပြတယ်။ … Read entire article »

Filed under: News & Info

ARKG မှ ၁၄ ကြိမ်မြောက် ALP/ALA သို့ ထောက်ပံ့ပစ္စည်းများပေးအပ်

၂၀၁၃ ခု ဖေဖေါ်ဝါရီလ (၂၈)ရက်နေ့  ရခိုင့်ဘုရင့်နိုင်ငံ မျိုးဆက်အသင်း (ဗဟို-မဲဆောက်၊ ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ယိုင်ဌာ နခွဲ၊ ပါတနီဌာနခွဲ)နှင့် တခြားသောမြို့များမှ မျိုးချစ်ပြည် ချစ်များမှ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP) ဗဟိုဆက်ဆံရေးရုံး- (ထိုင်း -မြန်မာ နယ်စပ်)သို့ ထောက်ပံငွေများနှင့် ပစ္စည်းအချို့ (more...)Read entire article »

Filed under: News & Info

ရခိုင်အမျိုးသား ကွန်ဖရင့် ဖြစ်မြောက်ရေး အစည်းအဝေး အောင်မြင်စွာပြီးဆုံးကြောင်းကြေငြာချက်

 အမေရိ ကန်ပြည်ထောင်စု အတွင်း ရောက်ရှိနေသော တသီးပုဂ္ဂလများ အဖွဲ့အစည်းများနှင့် ပြည်နယ်ကိုယ်စား လှယ်များပါဝင်သော ရခိုင်အမျိုးသား ကွန်ဖရင့် ဖြစ်မြောက်ရေးအစည်းအဝေးတခုကို ဖေဖ၀ါရီလ ၂၄ ရက်နေ့တွင် အိုင်အိုဝါပြည်နယ် ဒီမွိုင်းမြို့လင်ကွန်းခမ်းမ၌ ကျင့်ပခဲ့ပါသည်။ အစည်းအဝေးကို နံနက် ၀၉ နာရီမှ ညနေ ၀၄ နာရီထိ ကျင့်ပခဲ့ရာ အခမ်းအနာမှူး အဖြစ် ဦးဦးသိန်းမောင်မှ ဆောင်ရွက်ခဲ့ပြီး သဘာပတိများအဖြစ် ဦးထွန်းရွှေ ဦးထွန်သာ ဦးစံသာအောင် တို့မှဆောင်ရွက်ခဲ့ကြပါသည် အမေရိကန်ပြည်ထောင်စု ပြည်အသီးသီးတွင် ရောက်ရှိနေကြသော ရခိုင်အမျိုးသားများ စည်းလုံးညီညွတ်ရေးကို တည်ဆောက်ရန်၊ ရခိုင်အမျိုးသားကွန်ဖရင့်တခုကို အမေရိကန်နိုင်ငံတွင်ခေါ် ယူကျင်းပသွားရန်၊ အတည်ပြုဆုံးဖြတ်ခဲ့ကြသည်။ ၂၀၁၃ ခု အတွင်းတွင်ပြုလုပ်ကျင်းပမည့် ရခိုင်အမျိုးသားကွန်ဖရင့် (အမေရိက) ကို တန်နက်ဆီး၊ ကန်တကီဒေသ မှ ရခိုင်အမျိုးသားများမှ တာဝန်ယူကျင်ပရန် အဆိုပြုရာအများက ထောက်ခံသဖြင့် အတည်ပြုဆုံဖြတ်ခဲ့ကြသည်။ ရခိုင်အမျိုးသားကွန်ဖရင့် (အမေရိက) ကိုလာမည့် ၆ လအတွင်း တွင် ခေါ်ယူကျင်းပသွား မည်ြ့ဖစ်ပြီး အသေးစိတ် ရက် လ အချိန်နှင့် အသေးစိတ် အကြောင်းအရာ အစီအမံများကို ကွန်ဖ ရင့်ဖြစ်မြောက်ရေးကော်မတီမှ ဆောင်ရွက်လားရန်ဆုံးဖြတ်ခဲ့သည်။ အစည်းအဝေးကိုအနယ်နယ်အရပ်ရပ်မှ ရခိုင်မိသားစုများ ၁၅၀ ခန့်တက်ရောက်ခဲ့ပြီး အခမ်း အနားကို ညနေ ၄ နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့သည်။ ရက်စွဲ့ ။    ။ ဖေဖော်ဝါရီလ ၂၄ ရက် ၂၀၁၃ ခုနှစ် ရခိုင်အမျိုးသားကွန်ဖရင့်ဖြစ်မြောက်ရေးကော်မတီ အမေရိကန်ပြည်ထောင်စု ဆက်သွယ်ရန်။                    ။ရခိုင့်ညီလာခံဖြစ်မြောက်ရေးကော်မတီ ပြောရေးဆိုခွင့် ရ ဦးသိန်းမောင်            331 225 7720     … Read entire article »

Filed under: News & Info

ALP ဂုဏ်ထူးဆောင်ဗဟိုကော်မီတီဝင် ဆရာကြီး ခိုင်စံထွန်းအောင် ကွယ်လွန်ခြင်း

ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ၏ ဂုဏ်ထူးဆောင် ဗဟိုကော်မီတီဝင် ဆ၇ာကြီး ခိုင်စံထွန်းအောင်သည် အဖရခိုင်ပြည် လွတ်လပ်ရေးအတွက် တာဝန်ထမ်းဆောင်ရင်း အသက် ၆၉ နှစ် ဖေဖော်ဝါရီလ ၂၁ ရက်နိ ည ၁၀ နာ၇ီခွဲ အချိန်၊ ထိုင်းနယ်စပ်တနေရာတွင် ဘ၀တပါးသို့ ကူးပြောင်းလားပါကြောင်း သိ၇ှိရပါသည်။ ဆရာကြီး ခိုင်စံထွန်းအောင်သည် မိမိအသက်ကို မငဲ့ကွက်ပဲ အဖရခိုင်ပြည် လွတ်မြောက်ရေးနှင့် အဖိနိုပ်ခံ ပြည်သူတိ ဒုက္ခဆင်းရဲ အပေါင်းမှ လွတ်မြောက်စီဖို့  ဒူးမထောက် လက်မမြောက်ပဲ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီတွင် အသက်မသီခင် အချိန်ထိ တိုင်းပြည်နှင့် လူမျိုးအတွက် တာဝန်ထမ်းဆောင်ခဲ့သည့် မျိုးချစ် သူရဲကောင်း တဦးဖြစ်သည်။ သို့ ဖြစ်၍ ဆရာကြီး ခိုင်စံထွန်းအောင် ဘ၀တပါးသို့ ကူးပြောင်းလားခြင်းသည် ရခိုင်ပြည်လွတ်မြောက် ရေးပါတီနှင့် တပ်မတော် တခုအတွက်သာမက ရခိုင်ပြည်သူလူထု တရပ်လုံးအတွက် မျိုးချစ်သူရဲကောင်း တဦး ဆုံးရှုံးခြင်းပင်ဖြစ်သည်။ ဆ၇ာကြီးကို ၂၄ ၇က်နိ ညစာဖက် ၁၂ နာ၇ီတွင် သင့်ဂြိုဟ်လားမည်ဖြစ်ကြောင်း သိ၇ှိရပါသည်။ … Read entire article »

Filed under: News & Info

ALP မှ ဒု-ဗိုလ်မှူးကြီး ခိုင်စိုးနိုင်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်လေ့လာ

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော် (ALA) မှ ဒု-ဗိုလ်မှူးကြီးခိုင်စိုးနိုင် ဦးစီးသော ကိုယ်စားလှယ် အဖွဲ့တဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံသို့ (၅) ရက်ကြာ လေ့လာရေးခရီးစဉ်တခုကို သွားရောက်ခဲ့သည်။ ၎င်းခရီးစဉ်တွင် ကိုယ်စားလှယ် (၇) ဦးပါဝင်သည်။ ၎င်းကိုယ်စားလှယ်များမှာ- ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော် (ALA) ဗဟိုဌာနချုပ်မှ- (၁) ဒု-ဗိုလ်မှူးကြီး ခိုင်စိုးနိုင် (၂) Arakan Rangers တပ်ရင်းမှူး ဗိုလ်မှူး ခိုင်မျိုးဝင်း နှင့် (၃) ဗိုလ်ကြီး ခိုင်ကျော်လင်း (ဗဟိုကျန်းမာရေးဌာန) တို့ဖြစ်ကြသည်။ ထိုင်း-မြန်မာနယ်စပ် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဗဟိုဌာနခွဲ နှင့်၊ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA) ရမ္မာဝတီတပ်ရင်းမှ- (၁) တပ်ရင်းမှူး ဗိုလ်မှူး ခိုင်ဘုန်းမြင့်ဇော်၊ (၂) ဒု-ရင်းမှူး ဗိုလ်ကြီး ခိုင်အောင်ဇံဖြူ၊ (၃) အရှေ့ဖက်ဒေသ ဆေးတာဝန်ခံ ဗိုလ်ကြီး ခိုင်ရဲလင်း နှင့် (၃) ဗဟိုဌာနခွဲ-မဲဆောက်ရုံးတာဝန်ခံ ခိုင်အမျိုးထိမ်း တို့ဖြစ်ကြသည်။ အဆိုပါခရီးစဉ်ကို ကိုယ်စားလှယ်အဖွဲ့ဝင် (၇) ဦး သွားရောက်ရန်အတွက် စီစဉ်ထားသော်လည်း ဗိုလ်မှူး ခိုင်မျိုးဝင်း၊ ဗိုလ်ကြီး ခိုင်ကျော်လင်း၊ ဗိုလ်ကြီး ခိုင်ရဲလင်းတို့မှာ သွား ရောက်နိုင်ခြင်းမရှိဘဲ ဒု-ဗိုလ်မှူးကြီး ခိုင်စိုးနိုင်၊ ဗိုလ်မှူး ခိုင်ဘုန်းမြင့်ဇော်၊ ဗိုလ်ကြီး ခိုင်အောင်ဇံဖြူ၊ နှင့် ခိုင်အမျိုးထိမ်းတို့ ကိုယ်စားလှယ် (၄) ဦးသာသွားရောက်နိုင်ခဲ့သည်။ ၎င်းကိုယ်စားလှယ်အဖွဲ့သည်ဖိလစ်ပိုင်နိုင်ငံအစိုးရမှ၂၀၁၂-ခုနှစ်၊ အောက်တိုဘာလ(၁၅)ရက်မှ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ပေး လိုက်သော မော်ရို (မူဆလင်) လွတ်မြောက်ရေးတပ်ဦး (MILF) အဖွဲ့နှင့် ယင်းဒေသတွင်းရှိ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို လုပ်ကိုင်နေသော ဒေသတွင်း လူမှု့ရေးအဖွဲ့အစည်းများ၊ Mindanao လူ့အခွင့်အရေးအဖွဲ့များနှင့် တွေ့ဆုံခဲ့သည်။ ထို့အပြင် Peace Process ဆိုင်ရာ သမ္မတရုံးအကြံပေး Mr-JoseLorena နှင့်လည်းကောင်း၊ ဗြိတိသျှသံရုံးမှ Peace Process ဆိုင်ရာတာဝန်ခံ Mr-Ton တို့နှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ဤခရီးစဉ်ဖြစ်မြောက်ရေးအတွက် ငြိမ်းချမ်းရေးအတွက်အဓိကထား ကူညီပေးနေသော နိုင်ငံခြား NGO တခုမှ စီစဉ်ပေးကာ ဖိလစ်ပိုင် အစိုးရ၏ ခွင့်ပြုချက်အရ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) … Read entire article »

Filed under: News & Info

ပျောက်ဆုံးနေသည့် ရခိုင်မိန်းခလေး ရုပ်အလောင်း ရှာဖွေတွေ့ရှိ

မင်းပြားမြို့နယ်၊ ကြမ်းတိုက်ကျေးရွာမှ လွန်ခဲ့သော ဇွန်န၀ါရီလ (၃၁) ရက်နေ့မှ စတင်ပျောက်ဆုံးသွားသော ရခိုင်အမျိုးသမီးငယ် မဌေးဌေးမြင့် (အသက် ၁၈-နှစ်)၏ ရုပ်အလောင်းကို ယနေ့ ဖေဖော်ဝါရီလ (၁၁)ရက်နေ့ မနက် ကိုးနာရီခန့်တွင် ရာမောင်ကြိုးတံတားအောက်၌ ရှာဖွေတွေ့ရှိခဲ့သည်။ ယခုအခါ မင်းပြားမြို့ဆေးရုံသို့ သယ်ဆောင်ပြီး ဆေးစစ်ဆေးရ ယူနေသည်။ စစ်ဆေးချက်အသေးစိတ် မသိရသေးပါ။ မဌေးဌေးမြင့်မှာ ပျောက်ဆုံးစဉ်ကာလက ဆံပင်ရှိသူဖြစ်သော်လည်း ရှာဖွေသူများက အလောင်းကို တွေ့သောအခါ ၄င်း၏အလောင်းတွင် ဆံပင်လုံးဝမရှိဘဲ ခေါင်းတုံးရိတ်ခံထားရသည်ကို တွေ့ရ သည်။ အလောင်း၏ လည်ပင်းတွင် ညိုမဲနေသော အရာများတွေ့ရပြီး၊ လျာများလည်း အပြင်သို့ ပြူးထွက်နေ သည်။ ကျောကုန်းတွင် ထိုးသွင်းဒဏ်ရာတစ်ချက် နှင့် ခြေသလုံးတစ်ဖက်တွင် ဒဏ်ရာ တစ်နေရာရှိသည် ကိုတွေ့ရသည်။ မဌေးဌေးမြင့်၏ ရုပ်အလောင်းပါ ဒဏ်ရာဒဏ်ချက်များကိုကြည့်ခြင်းအားဖြင့် ရိုးရိုးရေနစ် သေဆုံးခြင်း မဖြစ်နိုင်ကြောင်း သုံးသပ်ရပါသည်။ သေဆုံးသူ မဌေးဌေးဝင်း နေထိုင်ရာ စမ္ဘလေကျေးရွာအုပ်စုတွင် စမ္ဘလေ(ကုလား)ရွာမှာ အိမ်ခြေအများဆုံး လူဦးရေ အများဆုံးဖြစ်ပြီး၊ ပထမအကြိမ် ဘင်္ဂါလီဆူပူမှုများဖြစ်ပြီးကတည်းက စက်ရုံမော်(ရခိုင်)ရွာမှာ မူလနေအိမ်များတွင် မနေ၀ံ့ပဲထွက်ပြေးကာ ရခိုင်အိမ်များရှိရာ သေကန်ကျေးရွာဘက်တွင် ယာယီအမိုး အကာများ ထိုးကာ နေကြရသည်မှာ ခြောက်လကျော်ပြီ ဖြစ်သည်။ ဒုက္ခသည်များအဖြစ် အသိအမှတ်ပြုခြင်းကို မခံရဘဲ မည်သည့်နိုင်ငံတကာအဖွဲ့အစည်း မည်သည့် အစိုးရအဖွဲ့အစည်းများ၏ အထောက်အပံကိုမျှမရဘဲ ကုလားများ၏ နှောင့်ယှက်ခြိမ်းခြောက်မှုများကို ရင်ဆိုင်ကာ နေထိုင်ကြရသည်။ စမ္ဘလေရွာ သား ကုလားများ မှာ အနီးအနားရှိ ရခိုင်/မြန်မာ တိုင်းရင်းသားများအား အမြဲတမ်းရန်စ တိုက်ခိုက်လေ့ရှိသည်။ ပထမ အကျော့ ဘင်္ဂါလီဆူပူမှု ဖြစ်ခါစတွင် စမ္ဘလေရွာတွင်းသို့ ကြက်ဝယ်ရန်သွားသော ရခိုင်အမျိုးသားတစ်ဦး ပြန်ထွက်မလာတော့ဘဲ ပျောက်ဆုံးသွားဖူးသည်။ ပြီးခဲ့သော ၂၀၁၂-ခုနှစ် ဒီဇင်ဘာလ (၂)ရက်နေ့ကလည်း သေကန်ရွာသား တစ်ဦး စက်ရုံမော်ချောင်းငယ်အား ဖြတ်ကူးရန်ပြင် ဆင်နေစဉ် … Read entire article »

Filed under: News & Info