Arakan Liberation Party » Arakan Poem
ငြိမ်းချမ်းရေး
မင်းအိမ်ကို မီးရှို့မခံရခင်က
မင်းဟာ ငြိမ်းချမ်းရေးမြတ်နိုးသူပဲ
မင်းနှမကို မုဒိမ်းကျင့်မခံရခင်က
မင်းဟာ ရွှေပြည်အေးသမားပဲ
မင်းရပ်ကွက်ကို ဓားတွေနဲ့လာမဝိုင်းခင်က
မင်းဟာ တရားသမားပဲ
မင်းနေချင်သလို နေခွင့်ရှိတဲ့ကာလဆိုတာ
မင်းငြိမ်းချမ်းနေတဲ့ကာလပါ ...
အခုတော့
မင်းမြတ်နိုးတဲ့ငြိမ်းချမ်းရေးကို လည်လှီးလိုက်ကြပြီ
ငြိမ်းချမ်းစွာနေဖို့
မငြိမ်းချမ်းမှုကို တိုက်ဖျက်ရမယ်ဆိုတဲ့အကြောင်း
မီးရှို့ခံ မင်းအိမ်ကသက်သေပြတယ်
မတရားကျင့်ခံ မင်းညီမကသက်သေပြတယ်
နှိပ်စက်ခံ မင်းရပ်ကွက်ကသက်သေပြတယ်
အိမ်စွန့် အသက်စွန့် မင်းသွေးချင်းကသက်သေပြတယ်
မီးခိုလုံးတွေနဲ့ မင်းရွာကသက်သေပြတယ်
ကျူးကျော်ခံရ မင်းပြည်နယ်ကသက်သေပြတယ်
နိုင်ငံပျောက်တာကိုတော့သက်သေအပြမခံနိုင်ဘူး...
ဘုရားရှင်က
နေပူကြဲကြဲမှာထိုင်ပြီး
ဆွေရိပ်မျိုးရိပ်က အေးမြတယ်လို့ဆိုခဲ့တယ်
ဆွေတော်မျိုးတော်တွေကို ကာကွယ်ခဲ့တယ်
တို့နိုင်ငံမှာ
ကြိုက်တဲ့သူနေလို့ရတယ်
သာသနာဖျက် နိုင်ငံဖျက်မယ့်ကျူးကျော်သူတော့
နေလို့မရစေရဘူး။။။။။။။။။။။။။
(A.L.Y) … Read entire article »
Filed under: Arakan Poem
ခိုင်မိုးလင်းသို့ တမ်းတခြင်း (ကဗျာ)
အမျိုးသားအသိစိတ်၊ တဖိတ်ဖိတ်တောက်
မဖောက်စိတ်ဓါတ်၊ ထင်ဗျာယ်ဟတ်ဖို့
အသက်ထပ်အသိ၊ ငါ့အတွိံကိုပြောရကေ
ရခိုင်လို့ဆိုစွာ၊ ခြင်ဆီမှာ ရောက်
ပေါက်မြောက်အောင်မြင်၊ နိုင်ပွဲဆင်ဖို့
ငါလျှင်တချက်၊ ဆယ်ကျော်သက်က
မက်လိုက်ရရေ ၊စာတကြောင်း
ငါ့ခေါင်းထဲမှာ ၊ ဒေဂုလဲဟိန့် ယင့်
လမ်းပြကြယ်တပွင့်ပိုင်၊ ငါ့နှလုံးသားကိုနှိုးဆွ
ခံယူချက်ပြင်းပြအောင်၊ လုပ်ဆောင်ပီးခ
ပုဂ္ဂိုလ်ကလေ ၊ ကမ္ဘာ့ပြောက်ကျား
ချေဂွေဗားရားပိုင်၊ နိုင်ငံတိုင်းမကျော်
စာနန့်မဖော်နိုင်ဂေလေ့၊ တသောင်းမှာတယောက်
ထွန်းတောက်သားကောင်း၊ ခေါင်းဆောင်ကောင်းလေ
ပီသဖို့ကြိုးစားခရေလူ၊ ဇာသူဟိန့်ဖို့
ငါရို့ အဘာဆိုကေလေ့မှန်၊ အကိုကြီးဆိုပြန်ကေလ့ဟုတ်
မဟုတ်မခံမမှန်မလုပ်၊ မဆုတ်မပြော
အမျိုးသားနီတစင်း၊ ခိုင်မိုးလင်းဆိုလေပုဂ္ဂိုလ်
မိန့်ဟဆိုရေစာတကြောင်း၊ ရခိုင်သားခေါင်းထဲရောက်အောင်
ဖော်ပြဆောင်မေ၊ ရခိုင်မျိုးနွယ်လွတ်မြောက်ဖို့
စားပွဲထိုင်ဆွေးနွေး ၊ ငြိမ်းချမ်းရေးကို
ရှေးရှုလို့ရာ ဇာပိုင်ပင်ကြိုးစား၊ ငရဲသားတမျှ
ရက်စက်ခရေဒေအနွယ်တိ၊ ဆက်လက်ဟိန့်ကေ
အမျိုးဘာသာ၊ သာသနာနန့် စာပေယိုင်ကျေးမှု
တခုမကျန် အမြစ်လှန်အောင် ၊ တွန်းလှန်ဖြိုဖျက်ကတ်လိမ့်မေ၊
ယေကေ အကိုကြီးစကားတခွန်း ပြန်လို့တမ်းတ
ပြောရဂုပိုင်၊ လက်နက်ကိုင်လို့ တိုက်ပွဲဝင်ရုံမှတပါး၊ တခြားနည်းလမ်းမဟိန့်။
မိုးလင်းညို စစ်တွေ
… Read entire article »
Filed under: Arakan Poem
အိုး ရက္ခိတရို့ (ကဗျာ)
ဘ၀င်မသန့် မပျင်ဝံ့လို့
သဇင်ရနံ့ မရှူထိုက်တေလူတိ. . . ။
အမျိုးစပျောက် ပိုးကျဖောက်လို့ 
ရိုးမအောက်ကို မပြန်ဝံ့ရေလူတိ . . . ။
ရင်ဝယ်အမှား ခင်တွယ်ထားလို့
ပင်လယ်နားကို မလာဝံ့ရေလူတိ. . .။
အမျိုးသီလ နှစ်ဌာနကို
ပြည့်ဝမဏ္ဍိုင် စောင့်ထိန်းနိုင်မှ
ရခိုင်ပီဟု ၀ိဂြိုဟ်ပြုစ
စာစုသခင် သမိုင်းတွင်ရေ
အသျှင်နာဂိန္ဒ ဆိုဆုံးမဖို့ 
ဗျာလ္လစီလို့ လာဗျာယ်ထော . . . . . .။
စစ်တွေ ညိုသန့်
… Read entire article »
Filed under: Arakan Poem
သီတာထွေး” သို့ သွေးမော်ကွန်းနှင့် သွေးသစ္စာ
သြော်-------- မသတီစရာ အရေးကြောင့်
မဟီကမ္ဘာဆွေးပြီး
မှီစရာ ဝေးခဲ့ရရှာတဲ့
“သီတာထွေး” ရေ------
ဤကဗျာတေး၊
စီကာရေးရင်း
သွေးဖြင့်ဂုဏ်ပြုအပ်ပါသည်၊
သွေးဖြင့်မော်ကွန်းတင်ပါသည်၊
သွေးဖြင့် သစ္စာဆိုပါသည်။
(၂) ၂၀၁၂၊၂၈- မေ
ထိုညနေ၌
မိုးမြေပြိုလဲ၊ သွေးရဲရဲနှင့်
ကြေကွဲပုံပြင်၊ နိဒါန်းဆင်ခဲ့
တော်ဝင်မြတ်စွ၊ သမိုင်းလှစွာ
ရိုးမရင်ခွင်၊ ဖွားသန့်စင်သည့်
သဇင်တစ်ခက်၊ မိစ္ဆာလက်မှာ
ကြွေပျက်နွမ်းခြောက်၊ အသက်ပျောက်၍
တောက်ခေါက်သံတုတ်၊ လက်သီးဆုတ်ကာ
တုန်လှုပ်ချောက်ချား၊ ကြင်နာပွားလျက်
ကြားရသူဘို့၊ မျက်ရည်စို့
ကြားရသူတိုင်း၊ ရင်မှာလှိုင်း
ကြားရသူတွေ၊ ဒေါသပွေ
ကြားရသူထိတ်၊ အံခဲကြိတ်ပြီး
အတိတ်ကောက်ကြောင်း၊ သမိုင်းဟောင်းတို့
ပြန်ပြောင်းသက်ဝင်၊ နိုးထရှင်ခဲ့
ဇာတ်စင်အလုံး၊ လှုပ်ရှားရုန်းဖို့
ပြည်ဖုံးကားကို၊ ဖွင့်လိုက်ပြီ။
(၃)
ရခိုင်သူလေး၊ “သီတာထွေး”ကြောင့်
ဟစ်ကြွေးဖော်ညွှန်း၊ ကမ္ဘာတစ်ဝန်းမှာ
ရမ်းဗြဲကျောက်နီမော်၊ ဟိုးဟိုးကျော်ခဲ့
ထုတ်ဖော်ဖွင့်ဟ၊ ပြောဆိုရပြီး
ကမ္ဘာ့သတင်း၊ ဖြစ်ရပ်တွင်းမှာ
ချက်ချင်းထိပ်ရောက်၊ နာမည်ပေါက်ကာ
ကြောက်ခမန်းလိလိ၊ ဆန်းကြယ်ဘိသော
မင်း၏ဖြစ်ရပ်၊ အထပ်ထပ်သည်
မှတ်တိုင်မော်ကွန်းဝင်ခဲ့ပြီ။
(၄) “မသီတာထွေး” မင်းစတေးသည့်
သွေးနီတစ်စက်၊ ပန်းတစ်ခက်နှင့်
အသက်ခန္ဓာ၊ ဘ၀တာသည်
ကြေညာထပ်လောင်း၊ … Read entire article »
Filed under: Arakan Poem
ပြောက်ကျားဟူသည် (ကဗျာ)
စိတ်အလိုလိုက် ထင်တိုင်းမိုက်ကာ
စရိုက်ကြမ်းဝင် စစ်မာန်ထကြွ
သွီးဆာလှ၍ မိဘရပ်ရွာ
ဆွေသဟာကို ခွဲခွာလာစွာမဟုတ်ပါ။
ပညာနတ္ထိ ဂုဏ်မဟိလို့
အသိတရား လွန်ခေါင်းပါးကာ
ပြောက်ကျားလုပ်စွာ မဟုတ်ပါ၊
ပညာလည်းတတ် ဂုဏ်လည်းမြတ်၏
ထိုထိုအသိ ငါ့တွင်ဟိ၍
သိလို့တော်လှန် ကျွန်မခံချင်သောကြောင့်။
ရပ်ရွာခင်မင် စစ်မုန်းချင်လည်း
မျိုးမှန်ဇာတိ သမိုင်းသိကြောင့်
မိဘခွဲခွါ ဤသည်သာလျှင်
တိုင်းပြည်ကို ချစ်သောကြောင့်။
ရီယိုနိုင်စိုး
… Read entire article »Filed under: Arakan Poem
ဦးမြ၀ါ နှလုံးသား (ကဗျာ)
ဖိုးခေါင်တောင်မြတ် တောင်ကလာဋ်၌
ရန်အအောင်ဇေယျ သျှစ်သောင်မည်ခေါ်
ပုထိုးတော်အား ဘုရင်မင်းဘာ
မိန့် အာဏာဖြင့် သဒ္ဒါကြည်ဖြူ
များပြည်သူရို့  ညီညာပေါင်းစု
လှူဒါန်းပြု၍ ဆရာမြ၀ါ
လမ်းညွန်ကာလျှင် မြောက်ဦးတခေတ်
သမိုင်းသစ်ကို ပိသုကာပညာ
စုံလင်စွာန့်  ကမ္ဘာ့အလယ်
ဂုဏ်ဝင်ထည်ဖို့  မြော်မြင်ကြီးမား
နှလုံးသားဖြင့် သူဖော်ဆောင်ခ
ထုဆစ်ခ၏ ။
ခိုင်ကျယ်ပါဘိ ၀ံ့ထည်ဘိခြင်း
အံ့လောက်ပါ၏ ဂုဏ်ယူမိခြင်း
ပီတီရင်မှာ ပြည့်မျတည်း။
ဆရာဦးမြ၀ါ မြတ်မဟာသည်
တိုင်းချစ်ပြည်ချစ် မျိုးချစ်ပုဂ္ဂိုလ်
များထိုထိုတွင် အများနန့် မတူ
အာဂလူတည်း သူ့ ၏စိတ်ဓါတ်
မျိုးချစ်အားမာန် လွန်ထက်သန်မှု
သတ္တိထူးကြောင့် မိမိအသက်
မငဲ့ကွက်ပဲ ၀မ်းအူကိုနုတ်
သွီးကိုထုတ်ကာ အနာဂတ်ပြည်ရွာ
အီးချမ်းသာဖို့  သူစီမံခ
သက်စွန့် ခ၏ စံပြုထိုက်ပါ့
က၀ိမဟာ ဦးမြ၀ါ။
သို့ ပင်ဖြစ်ငြား
နောက်သားနောင်လူ ငါရို့ မူကား
အယူတပါး စိတ်ဖောက်ပြား၍
မျိုးခြားကိုလွမ်း ထင်ကြီးခြင်းကြောင့်
တ၀မ်းတခါ ကိုယ်ကျိုးရှာ၍
မသာမာကြံ မိစ္ဆာဥာဏ်ကြောင့်
ဘုရားလည်းပျောက် နန်းပျောက်မြီခ
ပာဖြစ်ရ၏။
သမိုင်းလည်းပျောက် လူမျိုးအောက်ကျ
ကျွန်ဖြစ်ရ၏။ တမ်းတပါ၏
က၀ိမဟာ ဦးမြ၀ါ။
ဆရာ့နှလုံးသား ဆရာ့ဝိဥာဉ်
စိတ်သန္တာန်အား ဦးညွတ်အခါခါ
ဂုဏ်ပြုပါသည် လာကူပါခလဲ့
စာင့်ရှောက်ခလဲ့ပါ အို ဆရာ။
ရိုးမနွယ် (ရခိုင်ပြည်)
… Read entire article »
Filed under: Arakan Poem
မင်းကွန်းခေါင်းလောင်းထဲမှ ငိုကြွီးသံများ (ကဗျာ)
ထနောင်းပင်ရိပ်နှင့်
တမာရိပ်ရို့ 
လွှမ်းခြုံထားရာ
အညာဒေသ
ပျူဂါမသို့ 
တခေါက်တခါ
ရောက်ဖြစ်ပါလျှင်
မန္တလေးတဖက်
မင်းကွန်းရပ်ကို
မဖြစ် ဖြစ်အောင်
အမောင်လားလီ
လိလာခီ။
ထိုသည့်ဒေသ
မင်းကွန်းတခွင်
လယ်တောပြင်မှာ
ဆူးခြုံနွယ်ပုပ်
မြက်သစ်ငုတ်နှင့်
အုတ်ခွပ်ကျောက်ခဲ
လှန်ဖော်ကြည့်ကေ
ရှေ့ ကဖီးဘွား
ရခိုင်များ၏
ကျောက်ဖြစ်ရုပ်ကြွင်းပမာ
အရိုးများစွာ
အမောင်ရှာလို့ 
တွိလိမ့်မည်။
ထိုအရိုးများ
ဤနားတ၀ိုက်
ဟိုမှာတစ
သည်တစနှင့်
ထောင့်နားမျိုးစုံ
ပြန့် နီပုံကို
အကယ်၍သာ
အမောင့်ရင်မှာ
သိချင်ပါလျှင်
ဧရာဝတီ မြစ်မဟီ၏
တထောင့်တနား
ရီကမ်းဘားမှာ
ကုန်းဘောင်ခောတ်၏
မောင်ဝိုင်းရာဇာ
နယ်ချဲ့ ဗမာက
ကြီးချိန်ပိဿာ
မြောက်များစွာကို
ဖျော်ကာသွန်းလုပ်
သမုဒ်နာမ ပီးထားခသည့်
မင်းကွန်းမည်ခေါ်
ခေါင်းလောင်းတော်နား
အသာလားပြီး
အနားကိုကတ်
ပါးကိုဟပ်ကာ
နားထောင်ပါ။
ထိုခေါင်းလောင်းထဲ
မြောက်ဦးနန်းတွင်း
လူသတ်ကွင်းဘဝ
ကျရောက်ရချိန်
ဗြီးသံလွှားသံ
ငိုၾကြီးသံမ်ား
တိုးသံခြက္သံ
ႀကဳံး၀ါးသံမ်ား
ပဲ့တင်ရိုက်ဟပ်
ထင်ကျန်ခသံ
သောသောညံမျှ
ကြားနီရ၏။
စဉ်းစားကြည့်ဖိ
တွေးကြည့်ဖိ အမောင်
နားထောင်ကြည့်ဖိ
သွီးဆူဘိလော။
ရခိုင်ရွှီနန်း
ပြောင်ဝင်းတောက်ပ
ကြီးခေါင်မကို
ခွါချသယ်ယူ
သူရို့ မူအဖြစ်
ဖျော်ထုသွန်းလုပ်
သမိုင်းရုပ်ခေါင်းေ
လာင်း
အသွင်းပြောင်းကာ
မဟာဗမာ
ကြီးကျယ်စွဟု
အောင်စည်တီးခတ်
လျှောက်လာကတ်စွာ
နှစ်ပေါင်းနှစ်ရာ
ကျော်လားဗျာယ်ယေ။
ငါရို့ ရခိုင်
ပြည်မဏ္ဍိုင်ကား
နန်းယိုင်လဲပြို
စည်ဗဟိုလည်းပျောက်
ပြည်မီးတောက်ကာ
ထိုမှဂုတိုင်
နလံမထူနိုင်ဘဲ
မိစ္ဆာလူမျိုးအောက်
ကျွှန်သဘောက်ဘ၀မှာ
ပျော်ရွှင်စရာ
ဝီးကွာဆိတ်သုန်း
သင်္ချိုင်းကုန်းပိုင်
တပြည်လုံးဒုက္ခ
ရောက်နီရရေ။
ဒေမိစ္ဆာနတ်ဆိုး
ဗမာတိကို
ငါရို၏ဌာနီ
ရခိုင်ပြည်မှ
သုတ်သင်မောင်းထုတ်
ပြည်သစ်လုပ်ဖို့ 
အမောင်အားထုတ်
နိုင်ပါလီ။
ကိုကြီးရခိုင် (သရီချောင်း)
… Read entire article »
Filed under: Arakan Poem

![01[1]](http://www.arakanalp.com/wp-content/uploads/2012/07/011-150x150.gif)



