Articles Comments

Arakan Liberation Party » Interview

ဒီဇင်ဘာလ (၂၆)ရက်၊ ၂၀၁၁ (တနင်္လာနိ) ဒီဗွီဘီရခိုင်အစီအစိုင်က ထုတ်လွင့်ခရေ အသံလွင့်အစီအစဉ်မှ ကောက်နုတ်တင်ပြခြင်း ဖြစ်ပါရေ။

အဂု ဗမာပြည်နိုင်ငံရီး အခြီအနီ၊ ရခိုင်ပြည်အမျိုးသားနိုင်ငံရီး အခြီအနီနန့် ပတ်သက်ပြီးကေ ရခိုင်နိုင်ငံရီးဂေါင်းဆောင်တိ အမြင်သဘော ထားသုံးသပ်ချက်တိကို ဒီဗွီဘီ ရခိုင်အစီအစဉ်မှ ကိုထိန်အောင်လင်းက ရခိုင်အမျိုးသားဂေါင်းဆောင်း တစ်ယောက်ဖြစ်တေ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဌ ခိုင်ရဲခိုင်ကို ပါတီသဘောထားနန့် ပတ်သက်လို့ ဆက်သွယ်မိန်းမြန်းထားစော်ကို ပြန်လို့ တင်ပြ ပီးလိုက်ပါရေ။ ကိုထိန်အောင်လင်း။             ။ပထမဆုံးအနီနန့် အဂုလက်ဟိ ဗမာပြည်နိုင်ငံရီး အခြီအနီနန့် ပတ်သက်လို့ ဥက္ကဌကြီးရို့ အမြင် သဘောထားတိကို ပထမဆုံး ပြောပြပီးပါ။ ဥက္ကဌ ခိုင်ရဲခိုင်။       ။ကျွန်တော်ရို့ ALP က အဂုလက်ဟိဖြစ်ပေါ်နီရေ ဗမာပြည်နိုင်ငံရီးအခြီအနီစော် နောက်ဆုံးအခြီအနီပါ။ ဇာဖြစ်လို့လေးဆိုကေ ပတိပက္ခတိကို ဖြေရှင်းဖို့အတွက် လမ်းဆုံလမ်းခွသို့ စုစည်းရေ ယင်းအတွက်နန့် လမ်းဆုံလမ်းခွသို့ ရောက်နီရေအခြီအနီပါ၊ ယကေ အေချင့်ကို ဖြေရှင်းလို့ မရဆိုကေ နောက်ပိုင်းမှာ စစ်ရီးအရ နိုင်ငံရီးအရ အပြင်းအထန် ဖြစ်ပေါ်လာဖို့လို့ ကျွန်တော်ရို့ ယူဆရေ။ ယင်းအတွက်နန့် ဗမာပြည်နိုင်ငံရီးရေ အဂု ပြင်းထန်နီရေ ကချင်တိနန့် ဖြစ်နီရေ စစ်ပွဲပိုင် နောက်ထပ်အေချင့်ကို ဖြေရှင်းလိုစိတ်မဟိဆိုကေ၊ ဖြေရှင်းလိုစိတ် ဟိရေလို့လည်း ကျွန်တော်ရို့က မယူဆ။ သူရို့တိ အာဏာတည်မြဲဖို့အတွက် အေပိုင် လှည့်ကွက်တိနန့် ပြနီစော်ရာ ဖြစ်တေလို့ ကျွန်တော်ရို့ ALP က မြင်ရေ။ တိုင်းရင်းသားတိ လိုလားရေ ရခိုင်တိလိုလားရေ အပိုင်းကဏ္ဍတိသို့ ရောက်အောင်လားနိုင်ဖို့အတွက် ကျွန်တော်ရို့စော်ကို ကျွန်တော်ရို့ ဖန်တီးရဖို့လို့ ALP က မြင်ရေ။ ကိုထိန်အောင်လင်း။             ။ဒေါ်အောင်ဆန်းစုကြည်ဂေါင်းဆောင်ရေ NLD က ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်တေအပိုင်းနန့် ပတ်သက်ပြီးလို့ ALP က ဥက္ကဌကြီးရို့ အမြင်သဘောထားတိကို နည်းနည်းလောက်ရှင်းပြပီးပါ။ ဥက္ကဌ ခိုင်ရဲခိုင်။       ။ကျွန်တော်ရို့ … Read entire article »

Filed under: Interview

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့ စစ်ရေး၊ နိုင်ငံရေး မဟာမိတ်ဖွဲ့စည်းရာတွင် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ပါဝင်ခြင်း မရှိခြင်း အပေါ် ပါတီ ဒု ဥက္ကဌ ၂ ဗိုလ်မှူး ခိုင်မျိုးမင်းနှင့် ဆက်သွယ် မေးမြန်းခန်း (အင်တာဗျူး)

မေး။ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ပူးပေါင်းပြီး ရွေးကောက်ပွဲ အလွန် စစ်ရေး၊ နိုင်ငံရေး မဟာမိတ် အဖွဲ့တစ်ခုကို ထိုင်းမြန်မာ နယ်စပ် တစ်နေရာမှာ နိုဝင်္ဘာလ ၄ ရက်နေ့က စတင် ဖွဲ့စည်း ခဲ့ပါတယ်။ အဲဒီကော်မတီမှာ အပစ်အခတ် ရပ် ထားပြီးတော့ နယ်ခြားစောင့်တပ်ဖွဲ့ဖို့ ငြင်းဆန်ထားကြတဲ့ KIO ကချင် လွတ်မြောက် ရေး အဖွဲ့၊ မွန်ပြည်သစ်ပါတီ NMSP ၊ ရှမ်းပြည် မြောက်ပိုင်းတပ်မတော် SSA တို့ ပါဝင် သလို စစ်အစိုးရနဲ့ လက်နက်ကိုင် တိုက်နေဆဲ ဖြစ်ကြတဲ့ ကရင် အမျိုးသားအစည်း အရုံး KNU ၊ ကရင်နီတိုးတက်ရေးပါတီ KNPP နဲ့ ချင်းအမျိုးသား တပ်ဦး CNF တို့ ပါဝင်တာကို တွေ့ပါတယ်။ အဲဒီကော်မတီမှာ ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် ပါဝင်တာကို မတွေ့ရပါ။ ဘာကြောင့် ALP အနေနဲ့ မပါဝင်တာပါလဲ။ သူတို့က မဖိတ် ခေါ်တဲ့ အတွက်လား။ ALP အနေနဲ့ မပါဝင်တာ ချင်တဲ့ အတွက်လား ဆိုတာ သိပါရစေ။ ဖြေ။ နံပါတ် ၁ အချက်ပြောရမယ်ဆိုရင် သူတို့ကိုယ်တိုင်က ကျွန်တော်တို့ကို မဖိတ်တာ ဖြစ်ပါတယ်။ မဖိတ်တဲ့အကြောင်းရင်းတွေက ကျွန်တော်တို့သိရသလောက် ပထမတချက် က ရခိုင်ပြည်မှာ အဖွဲ့အစည်းတွေများတယ်၊ ဥပမာ၊ ANC သက်သက် ပထမ ANC ၊ ဒုတိယ ANC စသည်အားဖြင့် နှစ်ဖွဲ့ရှိနေတယ်။ နောက်တခါ NUPA ဆိုတာ ရှိတယ်။ DPA ဆိုတာရှိတယ်၊ ALD တို့ ALP ရှိတယ်။ အဲဒီလို အဖွဲ့ အစည်း များနေတာက တကြောင်း တချက်ပေါ့။ နောက်တချက်က ALP က ENC မှာအဖွဲ့ဝင် မဟုတ် ဘူး။ အမှန် ကတော့ ENC ဟာ … Read entire article »

Filed under: Interview

ဌာနချုပ် တိုက်ခိုက်ခံရခြင်း သတင်း မဟုတ်မှန်ကြောင်း ALP ငြင်း (အင်တာဗျူး)

ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ ALP ဗဟိုဌာနချုပ်အား မြန်မာ စစ်တပ်မှ ၀င်ရောက် တိုက်ခိုက် ခဲ့သည် ဆိုသော သတင်းမှာ မဟုတ် မမှန်ကြောင်း ALP ပြောခွင့်ရ ပုဂ္ဂိုလ်က ပြော သည်။ ပါတီ ပြောရေး ဆိုခွင့်ရှိသူ တွဲဘက် အတွင်းရေးမှူး (၂) ခိုင်သုခက နိရဉ္စရာသို့ ယခု လို ပြောသည်။ " ကျွန်တော်တို့ ဌာနချုပ်ကို ရန်သူ စစ်တပ်က ၀င်ရောက် တိုက်ခိုက်တယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး။ ကျွန်တော်တို့ အခိုင်အမာ ပြောနိုင်တာက ကျွန်တော်ကိုယ်တိုင် အဲဒီတုန်းက ဌာနချုပ်မှာ ရှိနေပါတယ်။ အဲဒီတုန်းက ဗဟိုကော်မီတီတွေအားလုံး ဌာနချုပ်မှာ အစည်းအဝေး လုပ်နေကြပါတယ်။ ဗမာ စစ်တပ် က ၀င်ရောက် တိုက်ခိုက်တာက လုံးဝမဟုတ်ပါ။" ၎င်းပြင်သူက အိန္ဒိယ- မြန်မာ နယ်စပ် အခြေစိုက် ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ ဌာန ချုပ်အား နပခ လက်အောက်ခံ တပ်စု တစ်စုက ၀င်ရောက် တိုက်ခိုက်ခဲ့သည် ဆိုသော သတင်းမှာ လုံးဝ အခြေအမြစ် မရှိသည့် သတင်းသာဖြစ်ကြောင်း ပြောသည်။ ALP ဌာနချုပ်ကို မြန်မာစစ်တပ်က ၀င်ရောက်တိုက်ခိုက်ခဲ့သော သတင်းကြောင့် အများ ပြည် သူများအကြား စိုးရိမ်စိတ်များ ဖြစ်ပေါ်ခဲ့သော်လည်း ALP အနေဖြင့် မဟုတ်မှန် ကြောင်း ကြေငြာချက် မထုတ်ပြန် ခဲ့ခြင်းနှင့် ပတ်သက်ပြီး သူက ယခုလို ပြောသည်။ " အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ဖက်က တရားဝင် ထုတ်ပြန် ကြေငြာချက် ထုတ်စရာ မလိုလို့ ယူဆပါတယ်။ ဘာဖြစ်လဲလို့ဆိုတော့ အဲဒီသတင်းကို ရေးတဲ့ သတင်း ဌာနကလည်း နာမည်ကြီး သတင်းဌာနမဟုတ်။ နောက်တခုက အဲဒီသတင်းကိုရေးတဲ့ လူပုဂ္ဂိုလ်တွေကလည်း အင်တာနက်တွေ၊ ဘလော့ဂ်တွေမှာ ရေးပြီးတော့ … Read entire article »

Filed under: Interview